photo credit - Chaos Esports Club Facebook

Chaos Esports Club Dota 2 အသင်းကတော့ သူတို့မှာ ကျန်ရှိနေသေးတဲ့အသင်းသား MISERY နဲ့လမ်းခွဲခဲ့ပြီပဲဖြစ်ပါတယ်။

MISERY ဟာ Chaos Esport Club Dota 2 အသင်းကို 2019 ခုနှစ် January လထဲက ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ qualifier ပေါင်းများစွာကိုဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။

Ti9 တုန်းကလည်း MISERY ဟာ Chaos အသင်းနဲ့အတူ Europe Qualifier ကနေ ဝင်ပြိုင်ခဲ့ပြီး qualified ဖြစ်ခဲ့တဲ့အတွက် Ti9 ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပေမယ့်လည်း ကံအကြောင်းမလှခဲ့ဘဲ 17-18th place နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

TI 9 ပြီးတဲ့အချိန်မှာ Chaos အသင်းမှာ အတူကစားတဲ့ သူ့ရဲ့အသင်းဖော်အချို့ဟာ အသင်းကနေထွက်သွားခဲ့ပေမယ့် MISERY Chaos အသင်းမှာပဲဆက်ရှိနေခဲ့ပါသေးတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ October လ 29 ရက်နေ့မှာတော့ MISERY ဟာ Chaos Esport Club Dota 2 အသင်းနဲ့ တရားဝင်လမ်းခွဲခဲ့ပြီပဲဖြစ်ပါတယ်။

source - Chaos Esports Club Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။