မြန်မာ့ဂုဏ်ဆောင် ဘောလုံးသမားတစ်ဦးဖြစ်တဲ့ အောင်သူနဲ့ သရုပ်ဆောင်မင်းသမီးချော ပိုးအိအိခန့်တို့ကတော့ နှစ်ကိုယ်တူဘဝလေးတစ်ခုကိုတည်ဆောက်ခဲ့တာ အခုဆိုရင် သားလေးတစ်ယောက်တောင် ထွန်းကားခဲ့ပြီ ဖြစ်ပါတယ်။ အေးအေးချမ်းချမ်းနဲ့ ဘဝကိုဟန်ဆောင်မှုကင်းကင်း နေထိုင်တတ်ကြတဲ့ အောင်သူတို့ဇနီးမောင်နှံကတော့ သားလေးနဲ့အတူ ပျော်ရွှင်ချမ်းမြေ့တဲ့မိသားစုဘဝလေးကိုပါ ရရှိခဲ့ပြီပဲ ဖြစ်ပါတယ်။

Photo Credit- ALinn Yaung
Photo Credit- ALinn Yaung
Photo Credit- ALinn Yaung
Photo Credit- ALinn Yaung

ပြီးခဲ့တဲ့အောက်တိုဘာလ (၃၀) ရက်နေ့မှာတော့ အောင်သူနဲ့ ပိုးအိအိခန့်တို့ရဲ့သားဦးရတနာလေးကိုမွေးဖွားခဲ့တာ ရက်တစ်ရာတိတိပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် အောင်သူတို့ဇနီးမောင်နှံက သားလေးအတွက် ရက်တစ်ရာပြည့်မွေးနေ့အလှူပွဲလေးနဲ့ နာမည်ပေးကင်ပွန်းတပ်ပွဲလေးကို ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ မောင်သွင်ဦးဟန်လို့ အမည်ပေးလိုက်တဲ့ သားလေးကိုတော့ Koe Koe ဆိုတဲ့ နာမည်လေးနဲ့လည်း ချစ်စနိုးခေါ်တာဖြစ်ပါတယ်။

Photo Credit- ALinn Yaung
Photo Credit- ALinn Yaung
Photo Credit- ALinn Yaung
Photo Credit- ALinn Yaung
Photo Credit- ALinn Yaung

အခုလည်း ပိုးအိအိခန့်က (၈) မိုင် ပေါက်စေတီကျောင်းတိုက်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ သားလေးရဲ့မွေးနေ့အလှူပွဲက ပုံရိပ်လေးတွေကို အမှတ်တရအနေနဲ့ တင်ထားပါတယ်။ ပိုးအိအိခန့်က " သားသား "မောင်သွင်ဦးဟန်"@ Koe Koe ရဲ့ နာမည်ပေးကင်ပွန်းတပ်နှင့် ရက် ( ၁၀၀) ပြည့်အလှူ" ဆိုပြီး မျှဝေထားတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အောင်သူနဲ့ပိုးအိအိခန့်တို့ရဲ့သား မောင်သွင်ဦးဟန်ရဲ့မွေးနေ့ပွဲက ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source: Poe Ei Ei Khant's FB

Photo Credit- ALinn Yaung

Photo Credit- ALinn Yaung
Photo Credit- ALinn Yaung
Photo Credit- ALinn Yaung
Photo Credit- ALinn Yaung
Photo Credit- ALinn Yaung
Photo Credit- ALinn Yaung
Photo Credit- ALinn Yaung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။