ပရိသတ်ကြီးရေ အကယ်ဒမီမင်းသမီးချောလေး သက်မွန်မြင့်ဟာဆိုရင် ချစ်ရတဲ့မိသားစုလေးမှာ အေးချမ်းပျော်ရွှင်စွာနေထိုင်ပြီး အနုပညာအလုပ်တွေကို တစိုက်မက်မက်လုပ်ဆောင်နေတာဖြစ်ပါတယ်။သက်မွန်က သူမကိုချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေအများအပြားကိုလည်း ပိုင်ဆိုင်ထားပြီး မြန်မာပြည်ရဲ့ထိပ်တန်းမင်းသမီးစာရင်းဝင်ထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပါတယ်နော်။

Photo Credit:Amazing Grace
Photo Credit:Amazing Grace
Photo Credit:Amazing Grace

သက်မွန်ကတော့ အနုပညာအလုပ်တွေကိုလည်း ကြိုးစားလုပ်ကိုင်သလို ချစ်ရတဲ့မိသားစုကိုလည်း အချိန်ပေးပြီး ဂရုစိုက်စောင့်ရှောက်ပေးတဲ့ အိမ်ထောင်ရှင်မကောင်းတစ်ယောက်ဖြစ်ပါတယ်။သက်မွန်ရဲ့ချစ်ခင်ပွန်းကလည်း ချစ်ဇနီးလေးကိုအရမ်းချစ်ပြီး အလိုလိုက်အကြိုက်ဆောင်ပေးတာကြောင့် ချစ်သက်ကတော့ အမြဲတမ်းစိတ်ချမ်းသာပျော်ရွှင်ကာ တစ်နေ့တစ်ခြားပိုပိုလှပလာတာဖြစ်ပါတယ်နော်။

Photo Credit:Thet Mon Myint's Facebook
Photo Credit:Thet Mon Myint's Facebook

သက်မွန်ရဲ့သားနဲ့သမီးကတော့ ချစ်မွှေးလေးတွေပါကြပြီး လူချစ်လူခင်ပေါများတဲ့အပြင် စကားလေးတွေတီတီတာတာနဲ့ အရမ်းပြောတတ်လို့ ပရိသတ်တွေကပါအရမ်းချစ်နေရတာဖြစ်ပါတယ်။အခုဆိုရင်တော့ အားချစ်လေးနဲ့လဝန်းလေးက အရုပ်ကြိုက်တတ်တဲ့ မေမေ့ကို ခွေးရုပ်လေးတစ်ရုပ် ခွဲတမ်းချပေးတာကြောင့် မေမေသက်မွန်ကအရမ်းပျော်ရွှင်ကာ"YH လေးတွေက အရုပ်ပေးရင် ကိုယ်ခွဲတမ်းမရတာ များတယ် ဒါလေးက မေမေက ခွေးရုပ်ကြိုက်တယ်ဆိုပြီးလိုလိုလားလား သူတို့ခွဲတမ်းချပေးတဲ့ဟာလေး.. ဒါတောင် ခရီးသွားတာ ယူသွားမယ်ဆိုတာကို နိုး လုပ်သေးတာ"ဆိုပြီး မျှဝေလာပါတယ်နော်။

Photo Credit:Thet Mon Myint's Facebook
Photo Credit:Thet Mon Myint's Facebook
Photo Credit:Thet Mon Myint's Facebook

Photo Credit:Thet Mon Myint's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။