အသံပါဝါအားကောင်းကောင်းနဲ့ သီချင်းဆိုတတ်ရုံသာမကပဲ သူမရဲ့ Music Video တိုင်းကိုလည်း ကိုယ်တိုင်သရုပ်ဆောင်တတ်သူလေးကတော့ အဆိုတော်မလေး ပိုပိုပါ။ သူမဟာ အသံကောင်းရုံသာမကပဲ စိတ်ထားလေးလည်း ဖြူစင်ရိုးသားလွန်းတာကြောင့် ပရိသတ်တွေကလည်း ချစ်နေရတာပါ။ လတ်တလောမှာတော့ အဝေးသင်စာမေးပွဲဖြေဆိုနေတဲ့အတွက် အနုပညာအလုပ်တွေကို ခေတ္တနားထားတာပါ။  

Photo Credit - ဝတ်ရည်မိုး Facebook
Photo Credit - ဝတ်ရည်မိုး Facebook
Photo Credit - ဝတ်ရည်မိုး Facebook

သူမဟာ Tik Tok ဗီဒီယိုလေးတွေဆော့ကစားပြီး ပရိသတ်တွေကို အမြဲဝေမျှလေ့ရှိတာပါ။ တစ်ခါတစ်လေမှာလည်း သူမရဲ့သီချင်းလေးတွေကို Tik Tok လေးတွေလုပ်ကာ ဆော့ကစားလေ့ရှိတာပါ။ သူမရဲ့ Tik Tok ဗီဒီယိုလေးဟာလည်း ပရိသတ်တွေကြားမှာ ရေပန်းစားလူကြိုက်များနေတာပဲဖြစ်ပြီး ပရိသတ်တွေပြန်လည်ဆော့ကစားနေကြတာပါ။ 

Photo Credit - ဝတ်ရည်မိုး Facebook
Photo Credit - ဝတ်ရည်မိုး Facebook
Photo Credit - ဝတ်ရည်မိုး Facebook

အခုတစ်ခါမှာလည်း သူမသီဆိုထားတဲ့ တန်ဆောင်တိုင်ချစ်သူ ဆိုတဲ့ သီချင်းလေးကို ချစ်စရာကောင်းလောက်အောင် Tik Tok ဗီဒီယိုလေးဆော့ကစားထားတာပါ။ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်လည်း " ကဲကဲ စာမေးပွဲတွေ အောင်ချင်ရင်

ဒီ Video လေးကို Share လိုက်ပါ

ဆေးပေါင်းခတဲ့ ည တိုင်ဆောင်တိုင်မှာ မင်းနဲ့

ပွဲဈေးတန်းပတ်ကာ ကြိုက်တာ ရွေးဝယ်

(စာမေးပွဲ ဖြေပြီးရင် လျှောက်လည်မယ် နော် )

#တန်ဆောင်တိုင်ချစ်သူ #popo " ဆိုပြီး ရေးသားထားတာပါ။ ပရိသတ်တွေအတွက် ပိုပိုရဲ့ Tik Tok ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်။

Source - ဝတ်ရည်မိုး Facebook

Photo Credit - ဝတ်ရည်မိုး Facebook  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။