ပရိသတ်ကြီးရေ.....ဒီတစ်ပါတ်မှာတော့ မီးခိုးမြူ အထူဆုံးမြို့များထဲတွင် တစ်ခုအပါအဝင်ဖြစ်တဲ့ ဆော်ဒီ အာရေဗျ နိုင်ငံတော်မှ ရီယာဒ်မြို့အကြောင်းကို ဗဟုသုတဖြစ်ဖွယ် ဖော်ပြပေးသွားမှာဖြစ်ပါတယ်...။ အရှေ့အလယ်ပိုင်းဒေသ ဆော်ဒီ အာရေဗျ နိုင်ငံမြို့တော် ရီယာ့ဒ် (Riyadh) သည် ကမ္ဘာ့ မီးခိုးမြူ အထူဆုံး နိုင်ငံများစာရင်းတွင် အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) ၏ နောက်၊ အဆင့် (၂၃) တွင် ရှိနေပါတယ်...။ ဆော်ဒီ အာရေဗျမှ အခြားမြို့(၄)မြို့သည်လည်း မီးခိုးမြူထူ မြို့ (၅၀)စာရင်း တွင်ပါဝင်လျက်ရှိနေပါတယ်...။

photo credit pngtree

အစီရင်ခံစာ တစ်ခုတွင် ဆော်ဒီ အာရေဗျနိုင်ငံသည် ကမ္ဘာ ပေါ်တွင် ရေနံ အများဆုံး ထုတ်လုပ်၊ ရောင်းချသော နိုင်ငံဖြစ်သဖြင့် ကမ္ဘာ့ တစ်ဝန်းတွင် လေထုအညစ်ညမ်းဆုံး (၅) နိုင်ငံတွင် တစ်နိုင်ငံဖြစ်သည်ဟု ဖော်ပြထားခဲ့ပါတယ်...။ အဆိုပါ အစီရင်ခံစာတွင် ဆော်ဒီအာရေဗျ နိုင်ငံ၏ ၂၁၇၅ မိုင်ရှည်လျားသော ကမ်းရိုးတန်းတစ်လျောက်သည် ပတ်ဝန်းကျင် လေထု အညစ်ညမ်းဆုံးနေရာဖြစ်ကြောင်း အထူးပြု တင်ပြထားပါတယ်...။ ဆော်ဒီ ကမ်းရိုးတန်းနေရာများတွင် ပင်လယ်ရေကို ရေချို ချက်လုပ်မှု လုပ်ငန်းများ၊ မိလ္လာ ရေဆိုးများ လျှံထွက်နေမှုများ၊ ဓာတုဗေဒ ရေဆိုးများ ပန်းထွက်နေမှုများသည် လေထု၊ ရေထု ညစ်ညမ်းမှု၏ အဓိက အကြောင်းများ ဖြစ်ပါတယ်...။

photo credit pngtree

ရီယာ့ဒ်သည် ( PM 10 ) အဆင့် (၁၅၇) တွင် ရှိနေပြီး ရီယာ့ဒ် မြို့တော်ကောင်စီကမူ ရီယာ့ဒ်မြို့၏ လေထုညစ်ညမ်းမှု ၏ (၉၆) ရာခိုင်နှုန်းသည် မြို့တော်၏ တည်နေရာနှင့် ရာသီဥတုကြောင့် ဖြစ်ရကြောင်း ပြောဆိုခဲ့ပါတယ်...။ သို့သော်လည်း ရေနံ ချက်စက်ရုံများ၊လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ မော်တော်ယာဉ်များနှင့် အခြား ယာဉ်မျိုးစုံကို အသုံးပြုနေခြင်းတို့က ရီယာ့ဒ် မြို့၏ လေထုကို ညစ်ညမ်းစေလျက်ရှိပါတယ်...။ အနုပညာသတင်း၊ အားကစားသတင်း၊ ကမ္ဘာအနှံ့မှာရှိတဲ့ ဗဟုသုတသတင်းစုံလင်ကို အချိန်နဲ့ တပြေးညီဖော်ပြပေးနေတာမလို့ အမြဲ update ဖြစ်နေရအောင် Myanmarload page ကို like and see first လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်...။

source မောင်သာ(ရှေးဟောင်းသုတေသန)

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။