အာရှ ဘောလုံး အဖွဲ့ချုပ် AFC Social Responsibility Committee Meeting 2019 ကို ယနေ့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီက AFC House တွင်ကျင်းပခဲ့သည်။ အစည်းအဝေးသို့ AFC ဥက္ကဌ ရှိတ်ဆာလ်မန်၊ AFC Social Responsibility Committee Chairman ဦးဇော်ဇော်၊ AFC အထွေထွေ အတွင်းရေးမှူး ဒါတိုဝင်ဆာဂျွန်၊ ကော်မတီ ဒုတိယ ဥက္ကဌ မာမာတော့ဗ် (ကာဂျစ္စတန်)တို့ တတ်ရောက်ခဲ့ပါတယ်။

photo credit : MFF's facebook
photo credit : MFF's facebook

အာရှ ဘောလုံး အဖွဲ့ချုပ် AFC Social Responsibility Committee Meeting 2019 ကို ဘဂ်လားဒေရှ့်၊ အီရတ်၊ ဘရူနိုင်း၊ ဂျော်ဒန်၊ လာအို၊ မွန်ဂိုလီးယား၊ မြောက်မာရီယားနားစ် ကျွန်းစု၊ အိုမန်၊ ပါလက်စတိုင်း၊ ဆော်ဒီအာရေဗျ၊ စင်ကာပူ၊ ဆီးရီးယား၊ ယူအေအီး၊ ဥဇဘတ်ကစ္စတန်၊ ယီမင် တို့မှ ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

photo credit : MFF's facebook
photo credit : MFF's facebook

AFC Social Responsibility ကော်မတီ အနေဖြင့် အာရှ ဒေသရှိ ဖွံ့ဖြိုးမှု အားနည်းသည့် နိုင်ငံများမှ ကလေးငယ်များ ဘောလုံး အားကစားကို အခြေခံ၍ ဖွံ့ဖြိုးတိုးတက်လာ‌ရန်၊ သဘာဝဘေးသင့် ‌ဒေသများမှ ပြည်သူများ အတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကူညီ ဆောင်ရွက်ရန်၊ CSR လုပ်ငန်းများအား နိုင်ငံတကာ အဖွဲ့အစည်းများ ၊ ဖောင်ဒေးရှင်းများ၊ အေဂျင်စီများဖြင့် ပရိုဂရမ်များ အတိုင်းစနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန် အစရှိသဖြင့် ဆွေး‌နွေးခဲ့ကြပါတယ်။

source: MFF's facebook 

photo credit : MFF's facebook
photo credit : MFF's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။