မအေးသောင်းအဖြစ် ပရိသတ်တွေကြားမှာ တစ်ဖန်ပြန်လည်ရေပန်းစားလာတဲ့ အေးဝတ်ရည်သောင်းကတော့ တစ်ခေတ်တစ်ခါကတည်းက အောင်မြင်ကျော်ကြားခဲ့တာ ဖြစ်ပါတယ်။ VCD ခေတ်က သီချင်းဗီဒီယိုတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ရတဲ့ မအေးသောင်းက သူမရဲ့အလှတရားတွေနဲ့ ပုရိသတွေကို ဖမ်းစားခဲ့တာ ဖြစ်ပါတယ်။ အခုချိန်အထိလည်း မအေးသောင်းက ဆွဲဆောင်မှုအပြည့်နဲ့ ညို့ယူနိုင်စွမ်းရှိသူ ဖြစ်ပါတယ်။

Photo Credit-Aye Thaung's FB
Photo Credit-Aye Thaung's FB
Photo Credit-Aye Thaung's FB

မအေးသောင်းရဲ့ ပြေပြစ်လှပတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှက မြန်မာဝတ်စုံလေးတွေနဲ့ဆိုရင် အရမ်းကိုလိုက်ဖက်ညီပြီး ပေါ်လွင်လှပနေတာ ဖြစ်ပါတယ်။ တစ်နေ့ထက်တစ်နေ့ အရွယ်တင်နုပျိုလို့လာတဲ့ မအေးသောင်းက အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်လုပ်ကိုင်နေရတာ ဖြစ်ပါတယ်။ အခုလည်း မအေးသောင်းက ခရီးသွားပုံရိပ်လေးတွေကို သူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ မျှဝေပေးထားပါတယ်။

Photo Credit-Aye Thaung's FB
Photo Credit-Aye Thaung's FB
Photo Credit-Aye Thaung's FB

မအေးသောင်းက " ကျိုက်ထီးရိုးသွားရင်း ကျိုက်ထိုမှာ နားဖို့ကောင်းတဲ့ဆိုင်လေးတစ်ဆိုင် တိုးလာပြီရှင့်။ ကိုယ်ကတော့ အစားတစ်လိုင်းသမားပဲ။ ခရီးထွက်တုန်းစားရတာ မလျော့နိုင်ဘူး။ " ဆိုပြီး ပုံလေးတွေကို တင်လိုက်တာ ဖြစ်ပါတယ်။ အစားတစ်လိုင်းမအေးသောင်းကတော့ ပုံလေးတွေနဲ့အတူ ပရိသတ်တွေကိုပါ သွားရည်ယိုအောင်လုပ်လိုက်တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မအေးသောင်းရဲ့အလှပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Aye Thaung's FB 

Photo Credit-Aye Thaung's FB
Photo Credit-Aye Thaung's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။