အကယ်ဒမီစိုးပြည့်သဇင်ကတော့ အနုပညာလောကမှာ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေနဲ့ ရပ်တည်နေတဲ့ မင်းသမီးချောလေးတစ်ယောက်ဖြစ်ပါတယ်။စိုးပြည့်က အနုပညာလောကထဲကို ဟိုးအရင်ကတည်းကဝင်ရောက်လာခဲ့ပြီး ချစ်မကြီးစိုးမြတ်သူဇာ စိုးမြတ်နန္ဒာတို့ရဲ့ လက်တွဲခေါ်ယူမှုကြောင့် အခုချိန်မှာဆိုရင် အောင်မြင်မှုတွေကိုလက်ဝယ်ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်ကောင်းတစ်ယောက်ဖြစ်ပါတယ်နော်။

Photo Credit:Soe Pyae Thazin's Facebook
Photo Credit:Soe Pyae Thazin's Facebook
Photo Credit:Soe Pyae Thazin's Facebook

စိုးပြည့်သဇင်က ရိုးရှင်းအေးဆေးပြီး စိတ်ထားလေးကလည်းဖြူစင်သန့်ရှင်းတာကြောင့် လူတိုင်းကသူမကိုချစ်ခင်ကြပါတယ်။စိုးပြည့်ကလည်း မာန်မာနမရှိဘဲ လူတိုင်းကိုဖော်ရွေစွာဆက်ဆံတတ်လို့ ပရိသတ်တွေက သူမရဲ့စိတ်ထားလေးကို ချီးကျူးနေကြတာပါနော်။လက်တလောမှာလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်ရင်း ခရီးတွေလည်း အမြဲတမ်းလိုလိုထွက်နေရတာဖြစ်ပါတယ်။

Photo Credit:Soe Pyae Thazin's Facebook
Photo Credit:Soe Pyae Thazin's Facebook
Photo Credit:Soe Pyae Thazin's Facebook

လက်တလောမှာတော့ စိုးပြည့်က "သုံးပန်လှကျိန်စာရုပ်ရှင်ဇာတ်ကားကြီး"မှာ ပါဝင်သရုပ်ဆောင်နေပြီး မြင်တွေ့နေကျမဟုတ်တဲ့ ဇာတ်ရုပ်နဲ့သူမကို မြင်တွေ့ရမှာဖြစ်ပါတယ်။အခုဆိုရင်လည်း စိုးပြည့်က သုံးပန်လှကျိန်စာ ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အပြင်အဆင်ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးလည်းတွေ့မြင်ရအောင်လို့ သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ မျှဝေခဲ့ပါတယ်နော်။

Photo Credit:Soe Pyae Thazin's Facebook
Photo Credit:Soe Pyae Thazin's Facebook
Photo Credit:Soe Pyae Thazin's Facebook

Photo Credit:Soe Pyae Thazin's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။