မင်းသမီးချောလေး မေကဗျာက ပိန်ပိန်သွယ်သွယ် ခန္ဓာကိုယ်လေးနဲ့ ကျစ်လျစ်လှပသလို မျက်နှာလေးလည်း ကလေးဆန်ပြီး ချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ်။ ညိုချောလေးတစ်ယောက်ဖြစ်တဲ့ မေကဗျာက သမီးလေးတစ်ယောက်မွေးဖွားထားတဲ့ ကလေးတစ်ယောက်အမေလည်း ဖြစ်ပါတယ်။ နှစ်တွေဘယ်လိုပဲပြောင်းပြောင်း မေကဗျာကတော့ အရင်ကတုန်းလို မပြောင်းလဲတဲ့အလှတရားတွေနဲ့ နုပျိုနေဆဲ ဖြစ်ပါတယ်။

Photo Credit-May Kabyar's FB
Photo Credit-May Kabyar's FB
Photo Credit-May Kabyar's FB

လတ်တလောမှာတော့ မေကဗျာက ဇာတ်ကားတွေနဲ့ ဇာတ်လမ်းတွဲလေးတွေမှာ ပါဝင်သရုပ်ဆောင်ရင်း အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတာ ဖြစ်ပါတယ်။ ယခုလက်ရှိမှာ ထုတ်လွှင့်ပြသနေတဲ့ " Dancing with the Stars " အစီအစဉ်မှာလည်း မေကဗျာက ပါဝင်ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။ ဒီအကပြိုင်ပွဲလေးမှာတော့ မေကဗျာက Dake Dake နဲ့အတူတွဲဖက်ယှဉ်ပြိုင်နေတာလည်း ဖြစ်ပါတယ်။

Photo Credit-May Kabyar's FB
Photo Credit-May Kabyar's FB

အခုလည်း မေကဗျာက ချစ်စရာကောင်းတဲ့အပြင်အဆင်လေးနဲ့ လူမှားရလောက်အောင် နုပျိုလန်းဆန်းနေတဲ့ပုံလေးတွေကို တင်ပေးထားပါတယ်။ မေကဗျာက " ကိုယ့်ကိုချစ်တဲ့သူတွေ ရှိတယ်ဆိုတာနဲ့တင် ကိုယ့်ဘဝကပြီးပြည့်စုံနေပါပြီကွယ်" ဆိုပြီး စကားဆိုထားလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ကလေးအမေလို့မထင်ရလောက်အောင် အရွယ်တင်လှပနေတဲ့ မေကဗျာရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-May Kabyar's FB 

Photo Credit-May Kabyar's FB
Photo Credit-May Kabyar's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။