ပရိသတ်ကြီးရေ.....ဒီတစ်ခါမှာတော့ ဆန်းဆန်း ပြားပြား မွေးမြူရေးခြံများထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ဆင်စွယ်နက် ကော်ဖီခြံ (Elephant Dung Farm)အကြောင်းကို ဗဟုသုတဖြစ်ဖွယ် တင်ဆက်ဖော်ပေးသွားမှာဖြစ်ပါတယ်....။ အနုပညာသတင်း၊ အားကစား၊ ကမ္ဘာအနှံ့မှာရှိတဲ့ ဗဟုသုတသတင်းစုံလင်ကို အချိန်နဲ့တပြေးညီ အမြဲ updateဖြစ်ရအောင် ဖော်ပြပေးနေတာမလို့ ကျွန်ုပ်တို့ Myanmarload page ကို like and see first လုပ်ထားဖို့တော့ မမေ့ပါနဲ့ဦးနော်...။

photo credit pngtree

ဆင်ချေးကော်ဖီဆိုတာကို ပရိသတ်ကြီးတို့ကြားဖူးကြာမှာပါနော်....။ ကော်ဖီ ရသကို နားလည် တတ်ကျွမ်းသူ တစ်ဦးမဟုတ်လျှင် ဆင်ချေး ကော်ဖီသည် သင့်အတွက် အသုံးဝင်မည် မဟုတ်ပါဘူးနော်...။ တစ်ပေါင်လျှင် ဒေါ်လာ ငါးရာပေးရသည့် ယင်းကော်ဖီစေ့များကို ထိုင်းနိုင်ငံတွင် ထုတ်လုပ်တာဖြစ်ပါတယ်...။ ကမ္ဘာတစ်ဝန်းကျော် ကြားသည့် ယင်းကော်ဖီထုတ်လုပ်ရန် ဆင်ချေးကို အဓိက ပစ္စည်းအဖြစ်အသုံးပြုကြပါတယ်...။ ဆင်စွယ်နက် ကော်ဖီ ကုမ္ပဏီသည် ကမ္ဘာ ပေါ်တွင် ဆင်ချေး ကော်ဖီ ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းရှင်ပဲဖြစ်ပါတယ်...။

photo credit pngtree

ယင်း၏ ကော်ဖီခြံအတွင်းရှိ ဆင်များအားလုံးသည် အနီးဝန်းကျင်ဒေသမှ ဖမ်းယူထားသည့် ဆင်များဖြစ်ကြပါတယ်...။ ဆင်စွယ်နက် ကော်ဖီခြံတွင် ဈေးအလွန်ကြီးသော အာရေဗျ ကော်ဖီ စေ့များကို သန့်စင်ကာ ကော်ဖီမှုန့်ဖြစ်လာအောင်ပြုပြင် နည်းစဉ် အဆင့်ဆင့်ဖြင့် ထုတ်လုပ်ရပါတယ်...။ ဤနေရာတွင် သန့်စင်သည်(Refine) ဆိုခြင်းမှာ ကော်ဖီစေ့များအား ဆင်များကိုကျွေးပြီး ဆင်များ မစင်စွန့်ခြင်းကို ဆိုလိုတာဖြစ်ပါတယ်...။ ကော်ဖီစေ့များကို စားထားသည့် ဆင်များ၏ မစင်များမှ ကမ္ဘာကျော် ဆင်စွယ်နက် ကော်ဖီကို ပြုလုပ်တာဖြစ်ပါတယ်..။

source မောင်သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။