မော်ဒယ်၊ သရုပ်ဆောင် စူးရှထက်ကတော့ ယောက်ျားလေးပရိသတ်တွေကြားမှာ မသိသူမရှိလောက်အောင် အတော်လေးရေပန်းစားအောင်မြင်နေတာ ဖြစ်ပါတယ်။ အမိုက်စား Photo Shooting လေးတွေရိုက်ကူးရင်း လူသိများလာခဲ့တဲ့ စူးရှထက်က သီချင်းဗီဒီယိုနဲ့ ကြော်ငြာလေးတွေလည်း အဆက်မပြတ်ရိုက်ကူးခဲ့ရပါတယ်။ အခုနောက်ပိုင်းမှာတော့ စူးရှထက်က ပွဲအခမ်းအနားလေးတွေလည်း ဆက်တိုက်တက်ရောက်နေရပါတယ်။

Photo Credit-Zar Chi's FB
Photo Credit-Zar Chi's FB
Photo Credit-Zar Chi's FB

အလန်းစားဖက်ရှင်လေးတွေကို ဝတ်စားဆင်ယင်တတ်တဲ့ စူးရှထက်က အမြဲလိုလို အထာကျပြီး အပြတ်အသတ်ဂေါ်နေတာလည်း ဖြစ်ပါတယ်။ စူးရှထက်က သူမရဲ့ချစ်ပရိသတ်တွေအတွက် Tik Tok ဗီဒီယိုလေးတွေကိုလည်း မကြာခဏတင်ပေးလေ့ရှိပြီး အခုလည်း ဗီဒီယိုအသစ်လေးကို တင်ထားပါတယ်။ အမြဲတမ်းပြုံးပျော်နေတတ်တဲ့ စူးရှထက်က ရင်ထဲမှာဖြစ်ပေါ်နေတဲ့ ခံစားချက်တွေကို ဗီဒီယိုလေးနဲ့ ဖော်ပြလိုက်တာပဲ ဖြစ်ပါတယ်။

Photo Credit-Zar Chi's FB

စူးရှထက်က " အမြဲပြုံးနေသူပါ " ဆိုပြီး ခံစားချက်တွေအပြည့်နဲ့ သရုပ်ဆောင်ထားတဲ့ Tik Tok ဗီဒီယိုလေးကို မျှဝေလိုက်တာပဲ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးမှာတော့ စူးရှထက်က လူတွေနဲ့တွေ့တိုင်းမှာ ပြုံးပြနှုတ်ဆက်နေရပေမယ့်လည်း ရင်ထဲမှာတော့ဝမ်းနည်းခံစားနေရတဲ့ ကောင်မလေးပုံစံမျိုး သရုပ်ဆောင်ပြလိုက်တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် စူးရှထက်ရဲ့ Tik Tok ဗီဒီယိုအသစ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit-Zar Chi's FB  

Photo Credit-Zar Chi's FB
Photo Credit-Zar Chi's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။