အနုပညာကိုအရမ်းရူးသွပ်ပြီး တက္ကသိုလ်ကျောင်းသူဘဝကတည်းက ပရိသတ်တွေကြားမှာ အရမ်းရေပန်းစားလာတဲ့ ဖြူဖြူထွေးဟာဆိုရင် ရိုးသားကြိုးစားတဲ့သူလေးဖြစ်လို့ အနုပညာလောကမှာ နေရာတစ်နေရာရရှိလာပြီး ပရိသတ်တွေကလည်း သူမကိုအားပေးဝန်းရံလာကြပါတယ်နော်။ဖြူဖြူထွေးရဲ့ ဟာသဗီဒီယိုဖိုင်လေးတွေနဲ့ Tiktok လေးတွေကိုလည်း ပရိသတ်တွေကအရမ်းကြိုက်နှစ်သက်ကြတာဖြစ်ပါတယ်။

Photo Credit:Phyu Phyu Htwe's Page
Photo Credit:Phyu Phyu Htwe's Page

ဖြူဖြူထွေးကတော့ ရရှိလာတဲ့အနုပညာကြေးတွေကိုစုဆောင်းပြီး မိဘတွေအတွက် အိမ်တစ်လုံးဆောက်ပေးကာ လိုလေသေးမရှိအောင်ထားပေးတဲ့ သမီးလိမ္မာလေးလည်းဖြစ်ပါတယ်။ဖြူဖြူထွေးက လက်တလောမှာလည်း ကြော်ငြာတွေအများအပြားရိုက်ကူးနေရပြီး ပွဲအခမ်းအနားတွေကိုလည်း တက်ရောက်နေတာကို တွေ့မြင်ရပါတယ်။အသက်ငယ်ငယ်လေးနဲ့ အောင်မြင်မှုတွေကို ကိုယ့်အားကိုယ်ကိုးပြီး အရယူနိုင်တဲ့ ဖြူဖြူထွေးရဲ့စိတ်ဓာတ်လေးကတော့ ချီးကျူးစရာပါပဲနော်။

Photo Credit:Phyu Phyu Htwe's Page
Photo Credit:Phyu Phyu Htwe's Page
Photo Credit:Phyu Phyu Htwe's Page

ဖြူဖြူထွေးရဲ့အပြုအမူလေးတွေက ပရိသတ်တွေအတွက် အမြဲတမ်းအမောပြေစေတာကြောင့် အခုဆိုရင်လည်း မြန်မာဝတ်စုံလေးနဲ့ ကျက်သရေရှိစွာလှပနေပြီး ဘယ်တော့မှမရိုးသွားတဲ့အပြင်အဆင်တွေနဲ့ အရမ်းချစ်ဖို့ကောင်းနေတဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Phyu Phyu Htwe's Page
Photo Credit:Phyu Phyu Htwe's Page

Photo Credit:Phyu Phyu Htwe's Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။