မြန်မာ့လက်ရွေးစင် အမျိုးသား ယူ၁၉ အသင်းဟာ လာမယ့် နိုဝင်ဘာ ၆ ရက်နေ့ကစလို့ ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ အာရှ ယူ၁၉ ခြေစစ်ပွဲ တွေကို စတင်ယှဉ်ပြိုင်ရတော့မှာပဲ ဖြစ်ပါတယ်။မြန်မာ့လက်ရွေးစင် အမျိုးသား ယူ၁၉ အသင်းကိုတော့ နည်းပြချုပ် ဦးစိုးမြတ်မင်း တာဝန်ယူကိုင်တွယ်နေတာပဲ ဖြစ်ပါတယ်။

photo credit : MFF 's facebook
photo credit : MFF 's facebook

မြန်မာ့လက်ရွေးစင်အမျိုးသား ယူ၁၉ အသင်း ဟာ နိုဝင်ဘာ ၆ ရက်၊ ညနေ ၃ နာရီမှာ တရုတ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမည်ဖြစ်သလို နိုဝင်ဘာ ၈ ရက် ညနေ ၆ နာရီမှာ တောင်ကိုရီးယားအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာပဲ ဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင်အမျိုးသား ယူ၁၉ အသင်း ဟာ နိုဝင်ဘာ ၁၀ ရက် ညနေ ၆ နာရီမှာ စင်ကာပူအသင်းတို့နဲ့ ယှဉ်ပြိုင်ကစား သွားမှာဖြစ်ပါတယ်။

photo credit : MFF 's facebook
photo credit : MFF 's facebook
photo credit : MFF 's facebook

မြန်မာ့လက်ရွေးစင် အမျိုးသား ယူ၁၉ အသင်းဟာတရုတ်(တိုင်ပေ) ဘောလုံး အဖွဲ့ချုပ်က အိမ်ရှင်အဖြစ် ဖိတ်ခေါ်ကျင်းပသည့် တရုတ်(တိုင်ပေ)ယူ၁၉ ဖိတ်ခေါ်ဖလားတွင် ဒုတိယဆု ရရှိခဲ့ပါတယ်။ မြန်မာ့လက်ရွေးစင် အမျိုးသား ယူ၁၉ အသင်းနဲ့ ယှဉ်ပြိုင်မယ့် အသင်းတွေဟာ အာရှနာမည်ကြီးအသင်းတွေဖြစ်တာကြောင့် ပရိသတ်တွေက စိတ်ဝင်တစားစောင့်ကြည့်နေကြပါတယ်။

source: MFF 's facebook  

photo credit : MFF 's facebook
photo credit : MFF 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။