photo credit - ESL

လက်ရှိ Team Spirit ရဲ့ po 4 player Immersion ရဲ့နာမည်အရင်းကတော့ Alexander Hmelevskoy ဖြစ်ပြီး သူဟာ Russia နိုင်ငံသားတစ်ဦးပဲဖြစ်ပါတယ်။

သူ့ရဲ့ Signature heros တွေကတော့ Earth Spirit , Tusker , Bounty Hunter တို့ပဲဖြစ်ပါတယ်။

သူစတင်ကစားခဲ့တဲ့ team ကတော့ Com18Anji ဖြစ်ပြီး 2018 ခုနှစ် လေးလပိုင်းကနေ ငါးလပိုင်းအထိသာကစားခဲ့တာပဲဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ Immersion ဟာ ESPADA အသင်းကိုပြောင်းရွှေ့ခဲ့ပြီး 2018 ခုနှစ် ငါးလပိုင်းကနေ 11 လပိုင်းထိကစားခဲ့ပါတယ်။

အဲ့ဒီနောက် 2018 ခုနှစ် 12 လပိုင်းမှာတော့ Immersion ဟာ Gambit Esports ကိုရောက်ရှိခဲ့ပြီး Ti9 အပြီးထိ Gambit Esports မှာကစားခဲ့ပါတယ်။

2019 ခုနှစ် 9 လပိုင်းမှာတော့ Immersion ဟာ Positive Guys အသင်းကိုရောက်ရှိခဲ့ပြီး 10 လပိုင်း 23 ရက်နေ့မှာတော့ Immersion ဟာ Team Spirit ကိုပြောင်းရွှေလာခဲ့ပါတယ်။

အခုအချိန်မှာတော့ Immersion ဟာ Team Spirit ရဲ့ po 4 role နေရာမှာကစားနေပြီး သူ့ရဲ့ Earth Sprit ကစားပုံကတော့ dota 2 gamers တွေကြားမှာ အခုထက်ထိကို နာမည်ကြီးနေဆဲပဲဖြစ်ပါတယ်။

source - Liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။