photo credit - Virtus.pro facebook

Virtus.pro အသင်းရဲ့ Mid player Noone ရဲ့နာမည်အရင်းကတော့ Vladimir Minenko ဖြစ်ပြီး သူဟာ Ukarine နိုင်ငံသားတစ်ဦးပဲဖြစ်ပါတယ်။

သူ့ကိုမွေးဖွားခဲ့တာကတော့ 1997 ခုနှစ် September 4 ရက်နေ့ဖြစ်ပြီး အခုဆိုရင် Noone ဟာ အသက် 22 နှစ်အရွယ်ရှိနေပြီပဲဖြစ်ပါတယ်။

Noone စတင်ကစားခဲ့တဲ့ team ကတော့ Ursastroithram ဖြစ်ပြီး 2014 ခုနှစ်ကစားခဲ့တာဆိုပေမယ့် ဘယ်အချိန်ကနေ ဘယ်အချိန်ထိ ကစားခဲ့သလဲဆိုတာတော့ သေချာမသိရှိရပါဘူး။

2014 ခုနှစ် 11 လပိုင်းလောက်မှာတော့ Noone ဟာ BUHLO-UroPb အသင်းကိုရောက်ရှိလာခဲ့ပြီး ရက်ပိုင်းအကြာမှာတင် ၎င်းအသင်းက ပြန်လည်ထွက်ခွာပြီး Vega Squadron ကိုပြောင်းရွှေ့ခဲ့ပါတယ်။

Vega Squadron အသင်းမှာတော့ Noone မှာ 2014 ခုနှစ် 11 လပိုင်းကနေ 2016 ခုနှစ် 8 လပိုင်းထိ ကစားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ Noone ဟာ Virtus.pro အသင်းကိုရောက်ရှိလာခဲ့ပြီး ယနေ့ထက်ထိ Virtus.pro အသင်းမှာကစားနေဆဲဖြစ်ပါတယ်။

Virtus.pro အသင်းနဲ့အတူ Noone ရရှိထားတဲ့ အကြီးမားဆုံး အောင်မြင်မှုတွေကတော့

ESL One Hamburg 2017

ESL One Katowice 2018

The Bucharest Major 2018

ESL One Girmingham 2018

The Kuala Lumpur Major 2011 တို့မှာ 1st place

The International 2017 နဲ့

The International 2018 တို့မှာ 5-6th place တို့ပဲဖြစ်ပါတယ်။

source - Liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။