ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်မင်းသားချောနေတိုးကတော့ ပီပြင်ပိုင်နိုင်လွန်းတဲ့ သရုပ်ဆောင်ကောင်းမှုတွေနဲ့ အနုပညာလောကမှာ ဘက်စုံထူးချွန်မှုတွေကြောင့် ဒိတ်ဒိတ်ကြဲ အောင်မြင်မှုတွေရရှိထားသူပဲ ဖြစ်ပါတယ်..။
နေတိုးရဲ့ကျရာဇာတ်ရုပ်တွေကို အစွမ်းကုန်ကြိုးစားပြီး အပိုင်နိုင်ဆုံးပီပြင်တဲ့ သရုပ်ဆောင်စွမ်းရည်တွေကို ထပ်မံမြင်တွေ့ရမယ့် “Box no.88” ရုပ်ရှင်ဇာတ်ကားကြီးကလည်း မကြာခင်မှာ ရုံတင်ပြတော့မှာဖြစ်ပါတယ်နော်..။
အခုလတ်တလောမှာတော့ နေတိုးနဲ့ ကလေးသရုပ်ဆောင် အိန်ဂျယ်ဝတ်မှုံတို့ရဲ့ ရိုက်ကွင်းပေါ်က အမှတ်တရဇာတ်ဝင်ခန်းပုံရိပ်လေးတွေအချို့ကို ချစ်ပရိသတ်တွေ မြင်တွေ့ရမှာဖြစ်ပြီး သားအဖနှစ်ယောက်ရဲ့ ကြည်နူးစရာပုံရိပ်လေးတွေဟာ မြင်သူတိုင်းကို အပျော်လေးတွေ ကူးစက်ကြည်နူးစေမှာပါ ပရိသတ်ကြီးရေ..။
ကလေးသရုပ်ဆောင် အိန်ဂျယ်ဝတ်မှုံရဲ့ ဖခင်နေရာကနေ နေတိုးက သရုပ်ဆောင်ထားတာဖြစ်ပြီး ချစ်သမီးလေးအလိုကျ မျက်နှာမှာကြောင်ရုပ်တွေ ဆွဲခံပြီး သမီးလေးနဲ့အတူ ကစားပေးနေကြတဲ့ သားအဖနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကတော့ အေးချမ်းတဲ့ ဖခင်မေတ္တာတွေကို အထင်းသားပေါ်လွင်မြင်တွေ့ရမှာပါနော်..။
“Box no.88” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ကလေးသူငယ်ဆိုင်ရာ လူကုန်ကူးမှုတွေနဲ့ ကလေးသူငယ်အကြမ်းဖက်မှုကာကွယ်ရေး အသိပညာပေးရုပ်ရှင်ဇာတ်ကားကြီးလည်း ဖြစ်သလို ဒိတ်ဒိတ်ကြတဲ့ အနုပညာရှင်တွေဖြစ်တဲ့ ဒါရိုက်တာ ဝင်းလွင်ထက် ရိုက်ကူးထားပြီး နေတိုး၊ ထွန်းထွန်း၊သားညီ၊ အိန္ဒြာကျော်ဇင်နဲ့ ကလေးသရုပ်ဆောင် အိန်ဂျယ်ဝတ်မှုံတို့ သရုပ်ဆောင်ထားကြတာမို့ ပရိသတ်တွေကလည်း စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်..။
သိပ်ချစ်တတ်တဲ့ အဖေရယ် သမီးနဲ့ယောက်ျားကို ဘဝလို့ ခံယူထားတဲ့ အိမ်ထောင်ရှင်အမျိုးသမီး တစ်ယောက်ရယ် ချစ်စရာကောင်းတဲ့ သမီးလေးရယ် ကံကြမ္မာဆိုးတွေကို ရင်ဆိုင်သွားမယ့် သူတို့မိသားစုလေးရဲ့ “Box no.88” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ လာမယ့် နိုဝင်ဘာ(၇)ရက်နေ့မှာ စတင်ပြီး ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်နော်..။
Photo Credit - 7th Sense Creation (Commercial Artilces)
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။