ခေတ်ရှေ့ပြေးတဲ့အမိုက်စားဖက်ရှင်များကြောင့် ပုရိသတွေကြွေနေရသူလေးကတော့ ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် မင်းသမီးချောလေး သင်ဇာဝင့်ကျော်ပါ။ သူမဟာ လတ်တလောမှာလည်း ပွဲအခမ်းအနားတွေတောက်လျှောက်ဆိုသလို တက်ရောက်နေရတာပါ။ ဒါ့အပြင် " မြမြ " ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ရိုက်ကူးနေတာပါ။

Photo Credit - Amazing Grace Photography
Photo Credit - Amazing Grace Photography
Photo Credit - Thinzar Wint Kyaw’s Instagram

သင်ဇာဟာ ဝေဖန်မှုတွေများစွာနဲ့ရင်ဆိုင်ကြုံတွေ့ရပင်မယ့်လည်း သူမရဲ့ရှေ့ဆက်လျှောက်ရမယ့် ပန်းတိုင်ကိုမရောက်ရောက်အောင် လျှောက်လှမ်းနေသူတစ်ယောက်ပါ။ သူမရဲ့ပွဲတက်ဖက်ရှင်များဟာလည်း ပုရိသတွေရဲ့အသည်းတွေ တဆတ်ဆတ်တုန်ခါစေရလောက်အောင် ဆွဲဆောင်နိုင်လွန်းတာပါ။ မနေ့ညကလည်း သူမရဲ့အမိုက်စားဖက်ရှင်လေးဝတ်ဆင်ကာ ရိုက်ကူးထားတဲ့ ဗီဒီယိုလေးကို တင်ထားတာပါ။

Photo Credit - Amazing Grace Photography
Photo Credit - Thinzar Wint Kyaw’s Instagram Stories
Photo Credit - Thinzar Wint Kyaw’s Instagram Stories

မနေ့ညကတော့ သင်ဇာဟာ Halloween Party အတွက် အမိုက်စားဖက်ရှင်လေးဝတ်ဆင်ကာ သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေးတစ်ခုတင်ထားတာပါ။ သင်ဇာဟာ ဒီဗီဒီယိုလေးထဲမှာ ယုန်မလေးတစ်ယောက်လို ချစ်စရာကောင်းလွန်းနေတာပါ။ ပရိသတ်တွေအတွက် သင်ဇာရဲ့ဗီဒီယိုလေးတွေကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source- Thinzar Wint Kyaw’s Facebook and Instagram Stories

Photo Credit - Amazing Grace Photography and Thinzar Wint Kyaw’s Instagram Stories

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။