အကယ်ဒမီနန္ဒာလှိုင်ဟာဆိုရင် အခုခေတ်မှာ အနုပညာအလုပ်တွေကို မလုပ်ကိုင်တော့ဘဲ ချစ်ရတဲ့မိသားစုနဲ့သာအေးချမ်းပျော်ရွှင်စွာနေထိုင်နေတာပဲဖြစ်ပါတယ်။နန္ဒာလှိုင်ကတော့ ချစ်စရာသမီးလေးသုံးယောက်ကိုမွေးဖွားထားပြီး သမီးသုံးယောက်ကလည်း အမေနဲ့တူလို့ ချစ်မွှေးလေးတွေပါပြီး အရမ်းချစ်စရာကောင်းကြတာကြောင့် ပရိသတ်တွေကလည်း သုံးယောက်လုံးကို ချစ်ခင်အားပေးကြပါတယ်။

Photo Credit:Nandar Hlaing's Facebook
Photo Credit:Nandar Hlaing's Facebook
Photo Credit:Nandar Hlaing's Facebook

နန္ဒာလှိုင်ကတော့ သမီးသုံးယောက်ကို သေချာပြုစုပျိုးထောင်ပေးနေပြီး သမီးလေးတွေအတွက် မိခင်တာဝန်ကိုကျေပြွန်ပေးနေတာဖြစ်ပါတယ်။ချစ်ခင်ပွန်းအပေါ်မှာလည်း ဂရုတစိုက်ပြုစုကြင်နာပေးလို့ နန္ဒာလှိုင်ရဲ့ မိသားစုဘဝလေးကို ပရိသတ်တွေတောင် အားကျရပါတယ်နော်။ဇေဝတီလှိုင်၊ဇေရတီလှိုင်၊ဇေမဒီလှိုင်တို့ ညီအစ်မတွေက ကျောင်းတက်နေတဲ့အရွယ်ရောက်ရှိပြီး ပညာရေးမှာလည်းထူးချွန်ကြပါတယ်။

Photo Credit:Nandar Hlaing's Facebook
Photo Credit:Nandar Hlaing's Facebook
Photo Credit:Nandar Hlaing's Facebook

အခုဆိုရင်တော့ ဝတီ ရတီ မဒီ တို့ညီအစ်မတွေက ကျောင်းမှာ Babies Hallowening night ကိုကျင်းပတာဖြစ်လို့ မေမေနန္ဒာလှိုင်ကတော့ သမီးလေးတွေကို ချစ်စရာကောင်းတဲ့ သရဲကလေးလေးတွေပုံစံလေးပြင်ဆင်ပေးထားတာဖြစ်ပါတယ်။သရဲပုံစံလေးတွေပြင်ထားတာတောင် ကြောက်ဖို့မကောင်းဘဲ အရမ်းချစ်ဖို့ကောင်းနေတဲ့ နန္ဒာလှိုင်ရဲ့သမီးသုံးယောက်ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Nandar Hlaing's Facebook
Photo Credit:Nandar Hlaing's Facebook
Photo Credit:Nandar Hlaing's Facebook

Photo Credit:Nandar Hlaing's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။