မင်းသမီးချောလေးတွေဖြစ်တဲ့ အိန္ဒြာကျော်ဇင်နဲ့ မိုးဟေကိုတို့ဟာ မြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်ကြဲ အနုပညာရှင်များအဖြစ် ရပ်တည်လျက်ရှိနေတာပါ။ သူတို့နှစ်ယောက်ဟာ ဆယ်စုပေါင်းများစွာတိုင်အောင် အောင်မြင်မှုတွေများစွာကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်တဲ့ ပြည်သူချစ်မင်းသမီးလေး နှစ်လက်ပါ။ လတ်တလောမှာလည်း သူတို့ပါဝင်သရုပ်ဆောင်ထားကြတဲ့ ရုပ်ရှင်ဇာတ်ကားကြီးများလည်း ရုံတင်ပြသလျက်ရှိနေတာပါ။

Photo Credit - AKT Photography
Photo Credit - AKT Photography
Photo Credit - Moe Hay Ko's Facebook Myday

သူတို့နှစ်ယောက်ရဲ့ဖက်ရှင်တွေဟာလည်း မရိုးမယဉ်လေးတွေနဲ့ အရမ်းကို ဆန်းသစ်လှပနေတာပါ။ ပရိသတ်တွေကလည်း သူတို့ရဲ့ ဖက်ရှင်များကို လည်ပြန်ငေးမောရလောက်အောင် လှပလွန်းကြတာပါ။ လတ်တလောမှာလည်း သူတို့နှစ်ယောက်အတူတွဲကာ ကြော်ငြာလေး တစ်ခုရိုက်ကူးနေကြတာပါ။

Photo Credit - Moe Hay Ko's Facebook Myday
Photo Credit - Moe Hay Ko's Facebook Myday

နှစ်ယောက်သားပျော်ပျော်ရွှင်ရွှင်ကြော်ငြာရိုက်ကူးနေတဲ့ ဗီဒီယိုလေးကို မိုးဟေကိုရဲ့ Facebook Myday လေးမှာ တင်ထားတာပါ။ မိုးဟေကိုကတော့ စီနီယာအမဖြစ်တဲ့ အူဝဲနဲ့အတူ ကြော်ငြာရိုက်ကူးရတဲ့အတွက် အရမ်းကိုကြည်နူးပျော်ရွှင်နေတာပါ။ ပရိသတ်တွေအတွက် သူတို့နှစ်ယောက်ရဲ့ ကြော်ငြာရိုက်ကွင်း Video လေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source - Moe Hay Ko's Facebook Myday

Photo Credit - Moe Hay Ko's Facebook Myday And AKT Photography 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။