ပရိသတ်ကြီးရေ အဆိုတော်သားဂန်းနဲ့ သရုပ်ဆောင်မော်ဒယ်လ် ဘေဘီမောင်တို့နှစ်ယောက်ကတော့ အပြန်အလှန်မေတ္တာတွေနဲ့လက်တွဲနေကြတဲ့ ချစ်သူစုံတွဲတွေပဲဖြစ်ပါတယ်။နှစ်ယောက်လုံးက အနုပညာရှင်တွေဖြစ်ကြတာကြောင့် ပရိသတ်တွေလည်း အခိုင်မာကိုယ်စီရရှိထားတာဖြစ်ပါတယ်။သားဂန်းနဲ့ဘေဘီမောင်တို့ စုံတွဲလေးက အရမ်းလိုက်ဖက်ညီတာကြောင့် ပရိသတ်ကြီးကလည်းသဘောတူပြီးအရမ်းချစ်ကြပါတယ်။

Photo Credit:Baby Maung Facebook
Photo Credit:Baby Maung Facebook

ဘေဘီမောင်ကတော့ ကိုယ်ခန္ဓာအမိုက်စားလေးကို ပိုင်ဆိုင်ထားကာ အမြဲဖက်ရှင်အလန်းတွေနဲ့ စမတ်ကျကျ ဝတ်ဆင်တက်တာကြောင့် မိန်းကလေးအများစု အားကျချစ်ခင်နေရတာလည်းဖြစ်ပါတယ်။ဇာတ်ကားများစွာ ရိုက်ကူးထားပြီး ပီပြင်တဲ့သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်အားပေးမှု များစွာရရှိထားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။မကြာခဏဆိုသလို ခရီးတွေထွက်ရှိကာ ခရီးသွားအမှတ်တရ ပုံလေးတွေကိုဖော်ပြပေးလေ့ရှိတာလည်းဖြစ်ပါတယ်။

Photo Credit:Baby Maung Facebook
Photo Credit:Baby Maung Facebook

ဘေဘီမောင်ရဲ့ ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေကလည်း ပရိသတ်တွေရဲ့အချစ်ကို ဖမ်းစားစေခဲ့တာပဲဖြစ်ပါတယ်။လတ်တလောမှာတော့ အရမ်းလှတဲ့ သဘာဝရူ့ခင်းတွေကိုနောက်ခံထားကာ ဆွဲဆောင်မှုရှိရှိ ရိုက်ထားတဲ့ အလန်းစား ပုံလေးတွေကို သူရဲ့ဖေ့ဘွတ်အကောင့်မှာဖော်ပြထားတာတွေ့ရပါတယ်။ ပုံလေးတွေတိုင်းက ဆွဲဆောင်မှုရှိရှိလှနေတာကြောင့် ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။

Photo Credit:Baby Maung Facebook
Photo Credit:Baby Maung Facebook

Source:Baby Maung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။