မော်ဒယ်၊ သရုပ်ဆောင် ရွှေအိမ်စည်ကတော့ အလှမယ်တစ်ဦးအဖြစ် နိုင်ငံတကာပြိုင်ပွဲတွေအထိ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အားလုံးရဲ့အားပေးမှုရရှိခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ရွှေအိမ်စည်က သရုပ်ဆောင်အဖြစ် ဇာတ်လမ်းတွဲတွေနဲ့ ဇာတ်ကားကြီးတွေမှာ ပါဝင်ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ ချပ်လျပ်လှပတဲ့ Body အချိုးအစားနဲ့ စွဲမက်ဖွယ်ကောင်းလောက်အောင် လှနိုင်လွန်းတာကြောင့် ပုရိသတွေကြားမှာ သည်းသည်းလှုပ်ရေပန်းစားကာ အောင်မြင်လာခဲ့သူ ဖြစ်ပါတယ်။

Photo Credit- Shwe Eain Si's FB
Photo Credit- Shwe Eain Si's FB
Photo Credit- Shwe Eain Si's FB

ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်နဲ့ အမြဲတမ်းလှနေတတ်တဲ့ အိမ်စည်က အခုလည်း ပရိသတ်တွေရင်ခုန်စိတ်လှုပ်ရှားသွားလောက်အောင် ဆွဲဆောင်မှုပြည့်နေတာ ဖြစ်ပါတယ်။ အိမ်စည်က အလှတရားတွေပေါ်လွင်နေတဲ့ အမိုက်စားဖက်ရှင်လေးနဲ့ ‘the gentlemen’ movie poster အတွက် ရိုက်ကူးရေးပြုလုပ်နေတာ ဖြစ်ပါတယ်။ ဒီ Shooting လေးမှာတော့ အိမ်စည်နဲ့အတူ ထက်ထက်ထွန်း၊ ယွန်းဝင့်လွှာအောင်တို့လည်း ပါဝင်ရိုက်ကူးနေတာ ဖြစ်ပါတယ်။

Photo Credit- Aung Ye Linn's FB
Photo Credit- Aung Ye Linn's FB

မတူညီတဲ့အလှတရားတွေနဲ့ အသည်းယားစရာကောင်းလောက်အောင် လှနိုင်လွန်းတဲ့ အိမ်စည်တို့အလှမယ်သုံးယောက်က အမိုက်စားပို့စ်လေးတွေပေးရင်း ရိုက်ကူးရေးပြုလုပ်နေတာ ဖြစ်ပါတယ်။ တစ်ယောက်တစ်မျိုးစီ ပို့စ်ပေးထားတဲ့ အိမ်စည်တို့သုံးယောက်ရဲ့ဗီဒီယိုလေးကလည်း ကြည့်မိသူတိုင်းကို ရင်ခုန်သံမြန်စေလောက်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ရွှေအိမ်စည်၊ ထက်ထက်ထွန်းနဲ့ ယွန်းဝင့်လွှာအောင်တို့ရဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit- Shwe Eain Si's FB & Aung Ye Linn's FB 

Photo Credit- Aung Ye Linn's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။