ရှေးခေတ်သမိုင်းဦး ကာလများကတည်းက ကမ္ဘာနေရာ အနှံ့တွင် ဘာသာစကား အများအပြား ပေါ်ပေါက်ခဲ့ပြီး မျိုးနွယ်တူ၊ လူအချင်းချင်း တူညီသော သာသာစကားကိုသာ အသုံးပြုပြောဆို ဆက်ဆံခဲ့ ကြတာဖြစ်ပါတယ်...။ ဘာသာစကား မတူညီကြသည့် လူများအကြားမှာတော့ သင်္ကေတပြုခြင်း (Sign Language) နှင့် လက်ဟန်ခြေဟန် ပြခြင်း (body Sign) တို့ကို ဘာသာစကား တစ်ရပ်အဖြစ် ယနေ့ထိတိုင် တီထွင် ဖန်တီးသုံးစွဲလျက်ရှိတာဖြစ်ပါတယ်...။ အချို့သော ဘာသာစကားများသည် ထိန်းသိမ်းမှုမပြုလုပ်နိုင်တဲ့အတွက် ပျောက်ကွယ်လုနီးပါးဖြစ်နေပြီး၊ ထူးခြားသည့် ဘာသာစကားများကိုလည်း ကမ္ဘာ့နေရာအနှံ့တွင် မြင်တွင့်နိုင်ကြသည်ဖြစ်ရာ ဂြိုလ်သားဘာသားစကား (Lincos)အကြောင်းကို စိတ်ဝင်စားဖွယ် ဖော်ပြပေးသွားမှာဖြစ်ပါတယ်...။

photo credit pngtree

၁၉၆၀ ပြည့်နှစ်များက ဒေါက်တာ "ဟန်းစ်ဖရူဒန်သယ်"ဆိုသူက ဂြိုလ်သားများနှင့် ဆက်သွယ်သည့် စကားပုံစံ လင်ကော့စ် (Lincos) အမည်ရှိ စာအုပ်ကို ရေးသား ထုတ်ဝေခဲ့တာဖြစ်ပါတယ်...။ လင်ကော့စ် ဘာသာစကားသည် ကြယ်တစ်ခုနှင့် တစ်ခုအကြားရှိ ရေဒီယို အသံလှိုင်း စနစ် ကို အသုံးပြုကာ အခြား ဂြိုဟ်များမှ ထောက်လှမ်းလာနိုင်မှုများကို နားလည်နိုင်မည့် ဘာသာစကားတစ်ခုဖြစ်သည်ဟု စာရေးသူက အဓိပ္ပါယ်ဖွဲ့ဆို တင်ပြခဲ့တာဖြစ်ပါတယ်...။ ဒေါက်တာ ဟန်းစ်သည် ကမ္ဘာမြေပြင်ပေါ်မှ လူသားများပြောဆိုသုံးစွဲနေသည့် ဘာသာစကားများနှင့် အကျွမ်းဝင်မှုမရှိသော အခြားသက်ရှိများသည်ပင် အလွယ်တကူ နားလည်နိုင်ရန် ဂြိုဟ်သားစကားတစ်ရပ်ကို စဉ်းစားတီထွင်ခဲ့တာဖြစ်ပါတယ်..။ ထို့ကြောင့်သူ၏ စာအုပ်တွင် ကိန်းဂဏန်းများကို ထပ်ခါထပ်ခါ ရပ်လိုက်၊ ပြတ်တောင်းပြတ်တောင်း ရပ်လိုက်ဖြင့် လင်ကော့စ် ဘာသာစကားကို ပို့ချထားတာဖြစ်ပါတယ်...။

photo credit pngtree

တစ်ဦးနှင့် တစ်ဦးအကြား ပြောဆိုမှုနှင့် အမူအရ များကို ဖော်ပြရန် လိုအပ်သည့် စကားပြောဆိုပုံ၊ မေးခွန်းမေးပုံ၊ စိတ်ပျက်ပုံ၊ အခြားတစ်ယောက်ယောက်ကို ရည်ညွှန်းပုံ၊ အရာဝတ္ထုများကို သိရှိ လိုလားပုံ၊ ကတိပြုပုံ၊ ကစားပုံစသည်ဖြင့် နမူနာများ ဖော်ပြထားပါတယ်...။ နောက်ဆုံးတွင် ဒြပ်ထု၊ အာကာသ၊ လှုပ်ရှားမှုတို့နှင့် ဆက်နွယ်နေသည့် ဘာသာစကားနှင့် သဘောတရားများကိုလည်း ဖော်ပြထားပါသေးတယ်...။ သို့သော်လည်း လင်ကော့စ်သည် သီအိုရီ အဖြစ်သာရှိနေခဲ့ကာ ဆယ်စုနှစ်များကြာခဲ့သည်အထိ လင်ကော့စ်ကို သုံး၍ အသံလှိုင်း ထုတ်လွှင့်မှုများ မရှိခဲ့ပါဘူး...။ နောက်ပိုင်းတွင် ကနေဒါ နက္ခတ္တရူပဗေဒ ပညာရှင် နှစ်ဦးက အခြားဂြိုဟ်သားများနှင့် ဆက် သွယ်နိုင်မည့် ဆူညံမှုကို ခံနိုင်စွမ်းရှိသည့် သင်္ကေတ စံနစ်တစ်ခုကို တီထွင်ခဲ့ကြပါတယ်...။ ယင်းတို့ နှစ်ဦးသည် ၁၉၉၉ ခုနှစ်တွင် လင်ကော့စ် မက်ဆေ့ချ် တစ်ခု၏ အဓိပ္ပာယ်ကို ဖော်ထုတ်နိုင်ခဲ့ကြသဖြင့် ရေဒီယို တယ်လီစကုပ်ကို အသုံးပြုကာ အနီးဆုံး ကြယ် များဆီသို့ သတင်းများပို့လွှတ်ခဲ့သော်လည်း မည်သည့် ပြန်ကြားချက်ကိုမျှ မရရှိခဲ့ပါဘူး....။ အထက်ပါ ဂြိုလ်သားဘာသာရပ်စကားအကြောင်းကို စာဖတ်ပရိသတ်ကြီးတို့ ကြိုက်နှစ်သက်လိမ့်မယ်လို့ ယုံကြည်ပါတယ်၊ ဆက်လက်အားပေးသွားကြပါဦးနော်....။

Source မောင်သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။