အလိုက်ဖက်ဆုံးစုံတွဲလေးအဖြစ် ပရိသတ်တွေရဲ့ သတ်မှတ်ခြင်းကို ခံထားရသူတွေကတော့ ကောင်းပြည့်နဲ့သန္တာဗိုလ်တို့ ချစ်သူစုံတွဲလေးပါ။ သူတို့ချစ်သူနှစ်ဦးဟာ ဝါသနာပါရာ အနုပညာအလုပ်တွေကို အတူတကွ ကြိုးစားလုပ်ကိုင်နေသူတွေပါ။ အနုပညာလောကမှာလည်း အောင်မြင်တဲ့ သူတွေအဖြစ် ရပ်တည်နေတာပါ။

Photo Credit - Thandar Bo's Facebook
Photo Credit - Thandar Bo's Facebook
Photo Credit - Thandar Bo's Facebook

သူတို့နှစ်ဦးဟာ ချစ်သူသက်တမ်း ခုနှစ်နှစ်ကျော်ကို ရောက်ရှိနေပြီပဲဖြစ်ပြီး ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ပဲ ချစ်ခရီးလမ်းလေးကို ကြည်နူးစွာ ဖြတ်သန်းနေကြတာပါ။ ဒါ့အပြင် တစ်ခါတစ်လေမှာလည်း ပွဲအခမ်းအနားတွေကို အတူတကွ တက်ရောက်လေ့ရှိတာပါ။ သူတို့နှစ်ယောက်ရဲ့ Tik Tok Video လေးတွေဟာလည်း ပရိသတ်တွေကို အားကျကြည်နူးစေတာပါ။

Photo Credit - Thandar Bo's Facebook
Photo Credit - Thandar Bo's Facebook
Photo Credit - Thandar Bo's Facebook

အခုတစ်ခေါက်မှာလည်း သူတို့နှစ်ယောက်ရိုက်ကူးထားတဲ့ Tik Tok Video လေးကို ဝေမျှထားလိုက်ပါပြီ။ ဒါကတော့ Tik Tokရိုက်နေတဲ့ သန္တာဗိုလ်ရဲ့ပါးလေးကို ခိုးနမ်းဖို့ကြိုးစားနေတာကို လူမိသွားတဲ့ ဗီဒီယိုလေးပါ။ သန္တာဗိုလ်ကလည်း " Tik Tok ရိုက်နေတာ ကိုကြီးကိုမနမ်းခိုင်းပါဘူး" ဆိုပြီး ရေးသားထားပါသေးတယ်။ ပရိသတ်တွေအတွက် သူတို့နှစ်ယောက်ရဲ့ Tik Tok Video လေးကို တင်ဆက်ပေးလိုက်ပါတယ်။

Source -Thandar Bo's Tik Tok

Photo Credit - Thandar Bo's Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။