ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီစိုးမြတ်သူဇာကတော့ တစ်ခေတ်တစ်ခါကတည်းက အောင်မြင်မှုတွေရရှိခဲ့ပြီး အနုပညာလောကမှာ နေရာတစ်နေရာကနေ ရပ်တည်နေတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်နော်။ဘယ်သူနဲ့မှမတူဘဲ တောင့်တင်းထည်ဝါတဲ့ ခန္ဓာကိုယ်အလှကလည်း သူမရဲ့လှပမှုတွေကို ပိုပြီး ကျက်သရေရှိစေကာ တောက်ပထည်ဝါတဲ့အလှအပတွေကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

Photo Credit:Amazing Grace
Photo Credit:Amazing Grace

စိုးမြတ်သူဇာက မိသားစုအပေါ်မှာလည်း အမကြီးအမိရာပီပီ ဂရုစိုက်စောင့်ရှောက်ပေးတဲ့ သူတစ်ယောက်ဖြစ်တဲ့အပြင် စိတ်ထားဖြူစင်ပြီး ပွင့်လင်းရိုးသားလို့ လူချစ်လူခင်ကလည်းပေါများပါတယ်။စိုးမြတ်သူဇာတို့ ညီအစ်မလေးယောက်က မင်းသမီးပိုးထည်တိုက်ဆိုတဲ့ ဆိုင်ကိုလည်း ဖွင့်လှစ်ထားပြီး ညီအစ်မတွေ စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင်နဲ့ စီးပွားရေးကိုစပ်တူလုပ်ကိုင်နေကြတာဖြစ်ပါတယ်။

Photo Credit:Amazing Grace
Photo Credit:Amazing Grace
Photo Credit:Amazing Grace

ပရိသတ်တွေက မကြီးစိုးလို့ ချစ်စနိုးခေါ်ဝေါ်ရတဲ့ စိုးမြတ်သူဇာဟာဆိုရင် ယနေ့အချိန်ထိ ခန့်ညားထည်ဝါတဲ့ အလှတရားတွေကိုပိုင်ဆိုင်ထားဆဲဖြစ်ပြီး တစ်နေ့တစ်ခြားပိုပိုနုပျိုလာတာကိုတွေ့ရပါတယ်နော်။အခုဆိုရင်တော့ စိုးမြတ်သူဇာက မြန်မာဝတ်စုံလေးကို ဝတ်ဆင်ထားလို့ ကျက်သရေအရမ်းရှိပြီး မိန်းမကောင်းမိန်းမမြတ်ပီသနေတဲ့ ပုံရိပ်လေးကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Amazing Grace
Photo Credit:Amazing Grace

Source:မင်းသမီး ပိုးထည်တိုက်

Photo Credit:Amazing Grace 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။