ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားတဲ့ ပြည်သူ့အသည်းကျော် အနုပညာရှင်ကတော့ အေးချမ်းတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ အကယ်ဒမီသရုပ်ဆောင်မင်းသမီးချောလေး အေးမြတ်သူပဲ ဖြစ်ပါတယ်နော်..။

ပီပြင်တဲ့သရုပ်ဆောင်ပိုင်နိုင်မှုတွေအပြင် အေးချမ်းပြီး ချစ်စရာကောင်းတဲ့ ပါးချိုင့်အပြုံးချိုချိုလေးတွေနဲ့ အချိုးအစားကျပြီး ဆွဲဆောင်မှုရှိရှိ ခန္ဓာကိုယ်အလှတရားတွေနဲ့လည်း ပရိသတ်တွေကို အမြဲအချစ်ပိုစေသူလေးဆိုလည်း မမှားပါဘူး..။


Photo Credit - Aye Myat Thu’s Facebook
Photo Credit - Aye Myat Thu’s Facebook

မမြတ်လေးလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ ပြည်သူ့အသည်းကျော် မင်းသမီးချောအေးမြတ်သူကတော့ လတ်တလောမှာ တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိနေတာဖြစ်ပြီး ပျော်ရွှင်စရာကောင်းလွန်းတဲ့ Halloween ပွဲတော်လေးကို ပါဝင်ဆင်နွှဲရင်း ပျော်နေပါတယ်နော်..။

တောင်ကိုရီးယားနိုင်ငံမှာ စည်ကားစွာခမ်းခမ်းနားနားကျင်းပပြုလုပ်တဲ့ Halloween ပွဲတော်ညလေးမှာ အများနည်းတူ ကစားရင်းပျော်နေတဲ့ ချစ်စရာပုံရိပ်လေးတွေနဲ့ ဗီဒီယိုဖိုင်လေးတွေကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးထားပါသေးတယ်..။


Photo Credit - Aye Myat Thu’s Facebook
Photo Credit - Aye Myat Thu’s Facebook

မျက်နှာမှာ သရဲပုံဆေးရောင်ခြယ်တွေခြယ်ပြီး ကလေးတစ်ယောက်လို ကစားကွင်းမှာ ကစားရင်း အပျော်ကြီးပျော်နေတဲ့ သူမရဲ့ ပုံရိပ်လေးတွေနဲ့ ဗီဒီယိုဖိုင်လေးတွေကတော့ မြင်သူတိုင်းကို အပျော်လေးတွေလည်း ကူးစက်စေတာမို့ ပရိသတ်တွေကလည်း သဘောကျနေကြပါတယ်နော်..။

“ကစားကွင်းသွားတာ..... သရဲပုံတွေဆေးခြယ်ကြလို့ ...

ကိုယ်လည်းဝင်ယောင် ...." ပျော်ခဲ့တဲ့ အမှတ်တရပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေထားတာပဲ ဖြစ်ပြီး မမြတ်လေးရဲ့ အပျော်လေးတွေကိုလည်း ချစ်ပရိသတ်တွေအတွက် ဝေမျှပေးလိုက်ပါတယ်နော်..။

Photo Credit - Aye Myat Thu’s Facebook
Photo Credit - Aye Myat Thu’s Facebook

Photo Credit - Aye Myat Thu’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။