အဆိုတော်၊ သရုပ်ဆောင် ရွှေထူးနဲ့ သရုပ်ဆောင်မင်းသမီးချောလေး ရွှေမှုန်ရတီတို့စုံတွဲလေးကတော့ တစ်ယောက်ကိုတစ်ယောက် မျက်စိအောက်က အပျောက်မခံနိုင်လောက်အောင် ချစ်တတ်ကြတဲ့ ပရိသတ်အချစ်တော်စုံတွဲလေးပဲ ဖြစ်ပါတယ်။ ရွှေရွှေတို့စုံတွဲလို့ အားလုံးကချစ်စနိုးနဲ့ခေါ်ဝေါ်ကြတဲ့ သူတို့နှစ်ယောက်က တစ်နေ့တစ်မျိုး မရိုးနိုင်လောက်အောင် Romantic ဆန်ဆန်ချစ်တတ်ကြတာကြောင့် အားလုံးက အားကျနေရတာပဲ ဖြစ်ပါတယ်။

Photo Credit- Amazing Grace
Photo Credit- Htoo Khant's FB
Photo Credit- Shwe Mhone Yati's FB

ရွှေရွှေတို့စုံတွဲလေးက တစ်ဦးကိုတစ်ဦး အသေးစိတ်ကအစ အရာရာဂရုစိုက်တတ်ကြပြီး အမြဲတမ်းကြည်နူးပျော်ရွှင်စရာကောင်းတဲ့ သူတို့ရဲ့အပျော်လေးတွေကိုသာ မျှဝေလေ့ရှိတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ရွှေထူးက မိန်းမဖြစ်သူနဲ့ဈေးဝယ်ထွက်ရင်း အမှတ်တရရိုက်ထားတဲ့ ပုံရိပ်လေးကို တင်ထားပါတယ်။ ရွှေထူးတစ်ယောက် ချစ်ဇနီးလေးရွှေမှုန်ရဲ့ဦးထုပ်ကိုယူဆောင်းပြီး စတိုင်အပြည့်နဲ့ပို့စ်ပေးထားတဲ့ ပုံလေးကို တင်လိုက်တာပဲ ဖြစ်ပါတယ်။

Photo Credit- Htoo Khant's FB
Photo Credit- Htoo Khant's FB
Photo Credit- Shwe Mhone Yati's FB

ဒီပုံလေးကိုတော့ ရွှေထူးက " မိန်းမရဲ့ ဦးထုပ်ကို ဆောင်းပြီး ရယ်နေတာပါ... ပုံကမိန်းမရိုက်ပေးတာပါ " ဆိုပြီး လူမှုကွန်ယက်မှာမျှဝေခဲ့သလို ရွှေမှုန်ကလည်း "So cute bae " ဆိုပြီး ချစ်ခင်ပွန်းကိုပြောထားပါတယ်။ ရွှေရွှေတို့စုံတွဲလေးကတော့ နှစ်ကိုယ်တူဘဝလေးကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းလာခဲ့တာ မကြာခင်မှာဆိုရင် မင်္ဂလာသက်တမ်းတစ်နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ကြည်နူးစရာကောင်းတဲ့ ရွှေရွှေတို့စုံတွဲရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit- Htoo Khant's FB & Shwe Mhone Yati's FB 

Photo Credit- Shwe Mhone Yati's FB
Photo Credit- Htoo Khant's FB
Photo Credit- Htoo Khant's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။