ပရိသတ်ကြီးရေ.....ဒီတစ်ပါတ်မှာတော့ တိရိစ္ဆာန်တွေနဲ့ ပတ်သက်ပြီး ငယ်စဉ်မှစ၍ သိရှိခဲ့ရတာတွေက အမှန်တစ်ကယ် ဟုတ်သလား၊ မဟုတ်သလားဆိုတာကို "နွားရိုင်းနဲ့" သာဓကပြ ဆွေးနွေးဖော်ပြပေးသွားမှာဖြစ်ပါတယ်...။ ကျွန်ုပ်တို့ ကလေးဘဝအရွယ်ကတည်းက ကြားဖူးနားဝဖြစ်တဲ့ တစ်တီတူးငှက်သည် မိုးပြိုမည် စိုးသဖြင့် ဇောက်ထိုး အိပ်တတ်တာ၊ မိကျောင်းတွင် လျှာမရှိ၊ ဗျိုင်းသည် လေဥ အုသည် စသည်ဖြင့် တိရစ္ဆာန်များနှင့် ပတ်သက်သော ထင်မြင်ယူဆချက်များသည် အမှန်တစ်ကယ်ဖြစ်နိုင်သလို၊ ဒဏ္ဍာရီသဖွယ် ချဲ့ထွင်ပြောဆိုမှုများလို့လည်း ပြောနိုင်ပါတယ်...။ ဒါကြောင့်မလို့ "နွားရိုင်းတို့သည် အနီရောင်ကို တုန့်ပြန်တတ်ကြသည်" ဆိုသော ထင်မြင်ယူဆချက်သည် လူသားတို့ရဲ့ ပါးစပ်ပြောက ပေါက်ဖွားလာတာလား၊ ဒါမှမဟုတ် အမှန်စင်စစ်လား ဆိုတာကို ဆက်လက်ဖတ်ရှုသွားကြပါဦးနော်...။

photo credit pngtree

နွားရိုင်းများသည် အခြားသော ကျွဲနွားများကဲ့သို့ပင် အရောင်ကို မမြင်နိုင်တာတဲ့အတွက်ကြောင့် အနီရောင်ကိုလည်း မသိရှိနိုင်ပါဘူး...။ ဒါကြောင့် ကျွန်ုပ်တို့သိခဲ့ရတဲ့ "နွားရိုင်းတို့သည် အနီရောင်ကို တုန့်ပြန်တတ်ကြသည်" ဟူသောစကားသည် လွဲမှားနေသော ပါးစပ်ပြောမျှသာဖြစ်ပါတယ်...။ ဘာကြောင့် အနီရောင်ကိုမြင်တာနဲ့ တိုက်ခိုက်ရတာလဲဆိုတာက.....နွားရိုင်းသတ်ပွဲများတွင် နွားရိုင်းသတ်သူ၏ အနီရောင်ပိတ်စက နွားရိုင်း၏ဒေါသကို အရှိန်မြှင့်တင်စေကာ နွားရိုင်းသတ်သမားကို ပြန်လည်တိုက်ခိုက်သည်ဟု ယူဆနေကြခြင်းများကြောင့် နွားရိုင်းများက အနီရောင်ကို သိနေသည် ဟု ထင်မှတ်မှားနေကြခြင်းသာဖြစ်ပါတယ်...။ မျက်စိနောက်အောင်ဝှေ့ယမ်းနေသော ပိတ်စနီကို နွားရိုင်းက ထိတ်လန့်ပြီး ယင်းအား အန္တရာယ်ပြုမည်ထင်၍ ဒေါသဖြင့် တုံ့ပြန်တိုက်ခိုက်ခြင်းသာ ဖြစ်ပါတယ်...။

photo credit pngtree

တိရစ္ဆာန်တွေနဲ့ ပတ်သက်သော လူတို့၏ ပါးစပ်ပြော ယုံတမ်းစကားများသည် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီး၊ လူမျိုးအသီးသီးတွင် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ကျယ်ပြန့်စွာ ယခုတိုင်သုံးစွဲလျက်ရှိတာဖြစ်ပါတယ်...။ အမြဲတွေးတော ကြံဆနေသောလူသားတို့သည် မိမိတို့ သိရှိလိုသည့် သဘာဝဆန်းကျယ်ဖြစ်ရပ်များ၊ တိရစ္ဆာန်တို့နဲ့ပတ်သက်သည်များကို အဖြေရှာမရသည့်နောက်ဆုံးတွင် ကိုယ်ပိုင်ရှင်းပြချက်များ၊ သီအိုရီများဖြင့် ဖြည့်ဆည်းရန် ကြိုးစားလေ့ရှိကြပါတယ်...။ ထိုကဲ့သို့ ကြိုးစားသုံးသပ်ထားသော ထင်မြင်ယူဆချက်များသည် အမှန်တရားနှင့် များစွာဝေးကွာနေသော ဒဏ္ဍာရီ၊ ပုံပြင်သဖွယ် ဖြစ်နေသော်လည်း တစ်ခါတစ်ရံမှာတော့ တိရစ္ဆာန်တို့၏ မှန်ကန်ထူးခြားသော စရိုက်လက္ခဏာများ အများဆုံးပါဝင်နေသည်ကို တွေ့ရှိရမှာဖြစ်ပါတယ်...။

source မောင်သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။