ပြည်သူချစ်အနုပညာရှင်တွေဖြစ်ကြတဲ့ ရွှေထူးနဲ့ရွှေမှုံတို့ ဇနီးမောင်နှံနှစ်ယောက်ဟာဆိုရင် သာယာပျော်ရွှင်ရတဲ့အိမ်ထောင်ရေးလေးကိုတည်ဆောက်ထားကြတာဖြစ်ပါတယ်။ရွှေထူးကလည်း ချစ်ဇနီးချောလေးကို အလိုလိုက်အကြိုက်ဆောင်ပြီး ကလေးလေးတစ်ယောက်လို ပြုစုယုယသလို ရွှေမှုံလေးကလည်း တစ်ခါတစ်လေနွဲ့ဆိုးလေးဆိုးတတ်ပေမယ့် အိမ်ရှင်မတစ်ယောက်ရဲ့တာဝန်ဝတ္တရားတွေကို ကျေပြွန်ပါတယ်နော်။

Photo Credit:uncleshwe's IG
Photo Credit:uncleshwe's IG
Photo Credit:uncleshwe's IG

ရွှေထူးနဲ့ရွှေမှုံတို့နှစ်ယောက်က အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နေတာဖြစ်ပါတယ်။ရွှေမှုံလေးကလည်း ချစ်ခင်ပွန်းရဲ့အလုပ်အတွက် တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးပြီး သရုပ်ဆောင်ပိုင်းမှာလည်းအကြံဉာဏ်တွေပေးကာ ရှုတင်တွေထိလိုက်သွားပြီးဂရုစိုက်ပေးတာဖြစ်ပါတယ်နော်။

Photo Credit:uncleshwe's IG
Photo Credit:uncleshwe's IG
Photo Credit:uncleshwe's IG

ရွှေထူးတို့ ဇနီးမောင်နှံနှစ်ယောက်ကတော့ ခရီးတွေလည်း အမြဲတမ်းလိုလိုထွက်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ နှစ်ယောက်တည်းသာယာကြည်နူးစွာ အချိန်တွေကိုကုန်ဆုံးတာဖြစ်ပါတယ်။မကြာသေးခင်ရက်ပိုင်းကမှ ရွှေထူးတို့က အင်လေးကိုရောက်ရှိခဲ့ကြပြီး ချစ်ဇနီးချောလေးနဲ့အတူတူ ရေကူးပြီးပျော်ရွှင်နေတဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် မျှဝေလာခဲ့ပါတယ်နော်။

Photo Credit:uncleshwe's IG
Photo Credit:uncleshwe's IG
Photo Credit:uncleshwe's IG

Photo Credit:uncleshwe's IG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။