ရိသတ်ကြီးရေ.. အနုပညာလောကမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကတည်းက နာမည်ကျော်ဇာတ်ကားကောင်းများစွာကို ဖန်တီးခဲ့တဲ့ ထပ်ဆင့်အကယ်ဒမီ ဒါရိုက်တာပန်းချီစိုးမိုးကတော့ အနုပညာရှင်များစွာရဲ့ လေးစားဆရာ စံပြပုဂ္ဂိုလ်တစ်ဦးပဲ ဖြစ်ပါတယ်နော်..။

ဇာတ်ကားကောင်းများစွာကို ပရိသတ်တွေရင်ထဲရောက်အောင် ဖန်တီးနိုင်ခဲ့တဲ့ ဝါရင့်ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ဆရာကြီးပန်းချီစိုးမိုးကတော့ လတ်တလောမှာ ဖြစ်ပေါ်နေတဲ့ မြန်မာရုပ်ရှင်တွေနဲ့ ပတ်သက်ပြီး ပြောပြလာခဲ့ပါတယ်..။


Photo Credit
Photo Credit

မြန်မာပြည်က ပရိသတ်တွေက တခြားနိုင်ငံက ပရိသတ်တွေနဲ့မတူပဲ မြန်မာရုပ်ရှင်ကားတွေ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ မြန်မာကားကိုပဲကြည့်ကြတာမို့ ထုတ်လုပ်သူတွေနဲ့ ဒါရိုက်တာတွေကလည်း မြန်မာပရိသတ်တွေကို လေးစားဖို့လိုဆိုပြီး ပြောပြထားတာပါ..။

တချို့မျိုးဆက်သစ်လူငယ်တွေဟာ ပညာရှင်ကြီးတွေအပေါ် လေးစားမှုနည်းပါးကြတဲ့ အပေါ်မှာလည်း “ဝါကြီးတဲ့လူတွဟာ နည်းပညာအားနည်းရင် အားနည်းမယ် ဒါပေမယ့် အနုပညာအတွေ့အကြုံရှိတယ်.. ပညာရှင်ကြီးတွေက အသက်သာကြီးတယ်ဆိုပေမယ့် အနုပညာအတွေးအခေါ်အယူအဆ မြင့်တာသေချာတယ်... လူငယ်တွေမှာလည်း အတွေးအခေါ်အသစ်တွေရှိတယ် တစ်ယောက်နဲ့တစ်ယောက် လေးစားမှုတွေရှိရမယ်..” ဆိုပြီးတော့လည်း ဆရာကြီးက သူ့ရဲ့အမြင်လေးတွေကိုလည်း ပြောပြထားတာ ဖြစ်ပါတယ်..။


Photo Credit
Photo by myanmarload

မြန်မာရုပ်ရှင်တွေနဲ့ ကမ္ဘာ့ရုပ်ရှင်တွေ ကွာခြားမှုလေးတွေကိုလည်း “မြန်မာပရိသတ်က မြန်မာကားကိုကြိုက်တယ် ကြည့်တုန်းပဲ ဒါပေမယ့် မြန်မာဒါရိုက်တာတော်တော်များများက နိုင်ငံတကာကို ထိုးဖောက်ချင်ကြတယ် အဲ့ဒါသူတို့ရဲ့ စိတ်ရင်းအမှန်ပဲ..အင်မတန်ခက်ခဲတဲ့အတွက် ကားဘယ်လောက်ကောင်းကောင်း နိုင်ငံတကာကို ထိုးဖောက်ဖို့ မလွယ်ပါဘူး..” ဆိုပြီး ပြောပြထားပါသေးတယ်နော်..။

ဆရာကြီး ထပ်ဆင့်အကယ်ဒမီ ဒါရိုက်တာပန်းချီစိုးမိုးရဲ့ ထုတ်လုပ်သူတွေနဲ့ ဒါရိုက်တွေအပြင် မြန်မာ့ရုပ်ရှင် ပရိသတ်တွေအပေါ် သူ့ရဲ့ အမြင်လေးတွေကို ပြောပြထားတဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo by myanmarload
Photo by myanmarload

Photo by myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။