မင်းသမီးချောလေး အိချောပိုကတော့ ရုပ်ရည်လေးက ချောမောလှပသလို ခန္ဓာကိုယ်လေးကလည်း တင်းရင်းကျစ်လျစ်ပြီး သွယ်လျလှပနေတာ ဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားတွေနဲ့ ပရိသတ်အားပေးမှုရရှိခဲ့တဲ့ အိချောပိုက အခုနောက်ပိုင်းမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ အများဆုံးရိုက်ကူးနေရတဲ့ မင်းသမီးတစ်လက် ဖြစ်ပါတယ်။ အိချောပိုကိုတော့ ယောက်ျားလေးပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေကပါ ဝန်းရံအားပေးကြတာ ဖြစ်ပါတယ်။

Photo Credit-Ei Chaw Po's FB
Photo Credit-Amazing Grace
Photo Credit-Ei Thri Cho Maung's FB

ပရိသတ်တွေချစ်ရတဲ့ အိချောပိုမှာတော့ သူမနဲ့ရုပ်ချင်းဆင်ပြီး ချစ်ဖို့ကောင်းတဲ့ ညီမချောချောလေးတစ်ယောက် ရှိနေတာလည်း ဖြစ်ပါတယ်။ ဒီနေ့နိုဝင်ဘာလ (၁) ရက်နေ့ကတော့ အိချောပိုရဲ့ညီမလေး အိသီရိချိုမောင်ရဲ့မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ ယနေ့မှာကျရောက်တဲ့ ချစ်ညီမလေးရဲ့မွေးနေ့ရက်မြတ်လေးမှာ အိချောပိုက အမှတ်တရပုံရိပ်လေးတွေနဲ့အတူ မွေးနေ့ဆုမွန်ကောင်းတောင်းပေးလိုက်တာ ဖြစ်ပါတယ်။

Photo Credit-Ei Thri Cho Maung's FB
Photo Credit-Min Ko Ko
Photo Credit-Ei Chaw Po's FB

အိချောပိုက " " Happy Birthday " ခေးလေး ကျရောက်တဲ့မွေးနေ့မှစပြီး စိတ်ကျန်းမာ ကိုယ်ချမ်းသာစွာနဲ့ လိုရာပန်းတိုင်ကိုအနှောင့်ယှက်ကင်းစွာအမြန်ဆုံးရောက်ရှိနိုင်ပါစေနော်.....Love you so much baby.." ဆိုပြီး ညီမလေးအတွက် မွေးနေ့ဆုတောင်းပေးထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ချစ်စရာကောင်းတဲ့ အိချောပိုတို့ညီအစ်မနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Ei Chaw Po's FB & Ei Thri Cho Maung's FB 

Photo Credit-Ei Chaw Po's FB
Photo Credit-Ei Chaw Po's FB
Photo Credit-Ei Thri Cho Maung's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။