အကယ်ဒမီအိန္ဒြာကျော်ဇင်ရဲ့ တူမချောလေးတစ်ယောက်ဖြစ်တဲ့ မေတိုးခိုင်ဟာဆိုရင် တီတီအူဝဲရဲ့အနုပညာအမွေကိုဆက်ခံပြီး အနုပညာအလုပ်တွေကို တတ်နိုင်သလောက်လုပ်ဆောင်နေတာဖြစ်ပါတယ်။မေတိုးခိုင်က တီတီအူဝဲနဲ့လည်း "ရူးအောင်ချစ်မယ့်လူ" ရုပ်ရှင်ဇာတ်ကားကြီးမှာ ပထမဆုံးပါဝင်သရုပ်ဆောင်ထားတာကြောင့် ပရိသတ်တွေကလည်း မေတိုးခိုင်ရဲ့အိုင်တင်တွေကို အားပေးချီးကျူးကြပါတယ်။

Photo Credit:May Toe Khine's Facebook
Photo Credit:May Toe Khine's Facebook
Photo Credit:May Toe Khine's Facebook

တီတီအူဝဲကလည်း တူမလေးကိုအစစအရာရာသေချာသင်ကြားပြသပေးပြီး လက်တွဲခေါ်ယူကာ ပွဲအခမ်းအနားတွေဆိုလည်း တူဝရီးနှစ်ယောက် အတူတူတက်ရောက်ကြပါတယ်။မေတိုးခိုင်ကို ပရိသတ်တွေက အူဝဲအငယ်စားလေးလို့သက်မှတ်ထားကြပြီး နောက်တစ်ချိန်မှာထွန်းတောက်လာမယ့် အနုပညာကြယ်ပွင့်လေးတစ်ပွင့်အဖြစ်မှတ်ယူထားကြတာဖြစ်ပါတယ်နော်။

Photo Credit:May Toe Khine's Facebook
Photo Credit:May Toe Khine's Facebook

မေတိုးခိုင်က အခုနောက်ပိုင်းမှာ ဖက်ရှင်ကျကျဝတ်စားဆင်ယင်လာပြီး အရမ်းလှလာတာဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့ အပြုံးချိုချိုလေးတွေကို ပိုင်ဆိုင်ထားပြီး လူငယ်ပီပီ ပေါ့ပါးလွတ်လပ်စွာနေထိုင်ကာ သူငယ်ချင်းတွေနဲ့လည်းအချိန်တွေကို ပျော်ပျော်ရွှင်ရွှင်ကုန်ဆုံးပါတယ်။အခုဆိုရင်တော့ မေတိုးခိုင်က သွက်လက်တဲ့ဟန်ပန်အပြည့်နဲ့ ချစ်စရာကောင်းနေတဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:May Toe Khine's Facebook
Photo Credit:May Toe Khine's Facebook
Photo Credit:May Toe Khine's Facebook

Photo Credit:May Toe Khine's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။