ချစ်စဖွယ်ကောင်းတဲ့ ဟန်ပန်အမူအရာလေးတွေနဲ့ အမြဲတမ်းသွက်လက်တက်ကြွနေတဲ့ မင်းသမီးချောလေး ခြူးလေးကတော့ သူမကိုချစ်ခင်အားပေးတဲ့ အမာခံပရိသတ်တွေ အမြောက်အများကို ပိုင်ဆိုင်ထားရတာ ဖြစ်ပါတယ်။ ရုပ်သံဇာတ်လမ်းတွဲတွေ အများဆုံးရိုက်ကူးပြီး အောင်မြင်လာခဲ့တဲ့ ခြူးလေးက ဇာတ်ရုပ်ပီပြင်အောင် သရုပ်ဆောင်နိုင်သူလေး ဖြစ်ပါတယ်။ ဒါကြောင့်လည်း ခြူးလေးက ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးလာရတာ ဖြစ်ပါတယ်။

Photo Credit-Chue Chue's FB
Photo Credit-Chue Chue's FB
Photo Credit- CHUE- Chue lay's FB

ဟန်ဆောင်မှုကင်းကင်းနဲ့ ပြုံးပျော်ရွှင်နေတဲ့ ခြူးလေးရဲ့ပုံစံလေးကိုက ပရိသတ်တွေကို အချစ်ပိုစေတဲ့ အဓိကအချက်လေးတစ်ခုပဲ ဖြစ်ပါတယ်။ အခုလည်း ခြူးလေးက သူမချစ်ခင်အားပေးရတဲ့ Idol မင်းသားကြီးနေတိုးနဲ့အတူ ကြော်ငြာလေးတစ်ခုကို ရိုက်ကူးခဲ့ရပါတယ်။ နေတိုးနဲ့ ခြူးလေးတို့နှစ်ယောက်က United Vision မျက်မှန်ဆိုင်အတွက် ကြော်ငြာအသစ်လေးကို အတူတူပါဝင်ရိုက်ကူးပေးခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit-Chue Chue's FB
Photo Credit- CHUE- Chue lay's FB
Photo Credit- Nay Toe's FB

ခြူးလေးကတော့ " ထပ်တင်မယ်နော် Crush Idol Gyi နဲ့ " ဆိုပြီး နေတိုးနဲ့ရိုက်ကွင်းပုံရိပ်လေးတွေကို ထပ်မံမျှဝေထားပါတယ်။ ခြူးလေးက နေတိုးနဲ့အတူ အတွဲညီညီညီသရုပ်ဆောင်ရင်း ပျော်ရွှင်ကြည်နူးခဲ့ရတဲ့ အမှတ်တရပုံရိပ်လေးတွေကို တင်လိုက်တာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ကြော်ငြာရိုက်ကွင်းက နေတိုးနဲ့ ခြူးလေးတို့နှစ်ယောက်ရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit- Nay Toe's FB & CHUE- Chue lay's FB 

Photo Credit- CHUE- Chue lay's FB
Photo Credit- Nay Toe's FB
Photo Credit- Nay Toe's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။