One Esports Dota 2 World Pro Invitational Singapore ပြိုင်ပွဲကြီးကတော့ လာမယ့် December လအတွင်းမှာ ကျင်းပပြုလုပ်သွားတော့မှာပဲဖြစ်ပါတယ်။

ဒီပြိုင်ပွဲကြီးမှာ ပေးအပ်သွားမယ့် ဆုကြွေးငွေ စုစုပေါင်း prize pool ကတော့ USD $ 500,000 ထိပေးအပ်သွားမှာပဲဖြစ်ပါတယ်။

ဒီပြိုင်ပွဲကြီးယှဉ်ပြိုင်ဖို့အတွက် Direct Invite ရရှိထားတဲ့ dota 2 team တွေကတော့

Team Secret

PSG.LGD

Virtus.pro

Evil.Geniuses

Natus Vincere

Vici Gaming

TNC Perdator

Alliance တို့ပဲဖြစ်ပါတယ်။

သို့ပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ One Esports ဟာ ဒီပြိုင်ပွဲကြီးမှာ ယှဉ်ပြိုင်ဖို့အတွက် ESL One Hamburg မှာ Grand final ထိတက်ရောက်နိုင်ခဲ့တဲ့ Gambit Esports နဲ့ top Chinese Dota 2 team တစ်ခုဖြစ်တဲ့ Team Aster တို့ကိုပါ ဒီပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်စေခဲ့ပါတယ်။

ဒါ့ကြောင့် Gambit Esports နဲ့ Team Aster တို့ဟာ One Esports Dota 2 World Pro Invitational Singapore ပြိုင်ပွဲကြီး ယှဉ်ပြိုင်ဖို့အတွက် qualified ဖြစ်လာခဲ့ပြီး နောက်ထပ် qualified ဖြစ်လာမယ့် team နှစ်ခုကတော့ ကျန်ရှိနေပါသေးတယ်။

source - One Esports Twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။