ပရိသတ်ကြီးရေ....ဒီတစ်ပါတ်မှာတော့ ကမ္ဘာကျော် တံတားတွေဖြစ်ကြတဲ့ "Glacier Skywalk"၊ "Longkawi Sky Bridge"၊ "Garden Bridge, UK" တံတားသုံးစင်းအကြောင်းကို ဗဟုသုတဖြစ်ဖွယ် စိတ်ဝင်စားမှုရှိအောင် ဖော်ပြပေးသွားမှာဖြစ်ပါတယ်...။ အနုပညာသတင်း၊ အားကစားသတင်း၊ ကမ္ဘာအနှံ့မှာရှိတဲ့ ဗဟုသုတ သတင်းစုံလင်ကို အချိန်နဲ့တပြေးညီတင်ဆက်ပေးနေတာဖြစ်တာမလို့ အမြဲ update ဖြစ်နေရအောင် ကျွန်ုပ်တို့ Myanmarload page ကို like and follow လုပ်ထားဖို့လိုပါလိမ့်မယ်...။

Photo Credit Once A Glance Page

"Glacier Skywalk" တံတားကြီးကတော့ နာမည်ကျော် လူသိများပြီး ကမ္ဘာအနှံ့က ခရီးသွားတွေ သွားရောက်လှည့်ပတ်ကြတာဖြစ်ပါတယ်...။ ထိုတံတားကြီးကတော့ ကနေဒါနိုင်ငံမှာတည်ရှိပြီး Sky walk ဆိုတဲ့နာမည်အတိုင်း ထိုတံတားကြီးပေါ်ရောက်သွားတာနဲ့ မိုးကောင်းကင်ပေါ်မှာ လမ်းလျှောက်နေသလိုခံစားရမှာဖြစ်ပါတယ်...။ ထိုမိုးမျှော်တံတားကြီးရဲ့ နေရာအတိအကျကတော့ ကနေဒါ နိုင်ငံရဲ့ နာမည်ကြီး "Jasper" အမျိုးသား ဥယျာဉ်ထဲမှာပဲဖြစ်ပါတယ်...။ ထိုတံတားကြီးကတော့ "Sunwapta"ရွာရဲအပေါ်မှာ တည်ဆောက်ထားပြီး လျောက်လမ်းကို မှန်များနှင့် ကာထားတာဖြစ်ပါတယ်...။

Photo Credit Once A Glance Page

"Longkawi Sky Bridge" ဆိုတဲ့တံတားကြီးကတော့ မလေးရှားမှာတည်ရှိပြီး ကမ္ဘာလှည့်ခရီးသွားတွေရဲ့ မျက်စိကျရာနေရာပဲဖြစ်ပါတယ်...။ ပေ 410 ရှည်ပြီး ကြိုးတွေနဲ့ဆိုင်းထားတဲ့ ထိုတံတားကြီးက ပင်လယ်ရေပြင် အထက်ပေ 2300 အမြင့်မှာ တည်ရှိတာဖြစ်ပါတယ်...။ "Garden Bridge" ဆိုတဲ့ တံတားကြီးကတော့ UKမှာ တည်ရှိပြီး "Thames" မြစ်ပေါ်မှာ တည်ဆောက်ထားကာ သစ်ပင်တွေကို ပန်းခြံပုံ စိုက်ပျိုးထားပါတယ်...။ အရှည် ပေ 1204 ရှိပြီး အကျယ်ဆုံးနေရာက 98 ပေ ရှိပါတယ်...။ အခုဖော်ပြသွားခဲ့တဲ့ ကမ္ဘာကျော် တံတားသုံးစင်းအကြောင်းကို စာဖတ်ပရိသတ်ကြီးတို့ ကြိုက်နှစ်သက်ကြမယ်လို့ ယုံကြည်ပါတယ်နော်...။

Source Once A Glance Page

Photo Credit Once A Glance Page 

Photo Credit Once A Glance Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။