ပရိသတ်ကြီးရေ.. လူမှုကွန်ယက်ပရိသတ်တွေကြား ရေပန်းစား အောင်မြင်နေကြတဲ့ အနုပညာရှင်ဆယ်လီတွေများစွာရှိကြတဲ့ အထဲမှာ Beauty Blogger တစ်ဦးဖြစ်သလို ပရိသတ်တွေအတွက် ဘဝခွန်အားပေးစာလေးတွေ မျှဝေလေ့ရှိတဲ့ ဝင်းမင်းသန်းကလည်း အပါအဝင်ပါပဲ..။

ပရိသတ်တွေအခိုင်အမာနဲ့ အောင်မြင်တဲ့ အနုပညာရှင်ဆယ်လီတစ်ဦးအဖြစ် ရပ်တည်နေတဲ့ ဝင်းစမင်းသန်းကတော့ အခုတစ်ခါမှာ ချစ်ပရိသတ်တွေအတွက် အချစ်ရေးလေးနဲ့ ပတ်သက်ပြီး ပြောပြလာခဲ့ပါတယ်..။

မိန်းကလေးပဲ ဖြစ်ဖြစ် ယောကျၤားလေးပဲ ဖြစ်ဖြစ် ပရိသတ်တွေအားလုံး ကိုယ့်ကိုကိုယ် ချစ်တက်ဖို့နဲ့ မှန်ကန်တဲ့ ရွေးချယ်မှုတွေ ပြုလုပ်နိုင်ဖို့အတွက် ဝင်းမင်းသန်းက သူမရဲ့အမြင်လေးတွေကို ပြောပြလာခဲ့တာ ဖြစ်ပါတယ်..။

Photo Credit – Wi Min Than’s Facebook
Photo Credit – Wi Min Than’s Facebook

ရဲဝင့်တဲ့ လူတစ်ယောက်အဖြစ် ရပ်တည်ပြီး ဘဝကို မှန်မှန်ကန်ကန်နဲ့ ရွေးချယ်ဆုံးဖြတ်ကာ ကိုယ့်ကိုကိုယ် တန်ဖိုးထားပြီး ချစ်မြတ်နိုးတတ်မှ မှန်ကန်တဲ့ အချစ်တစ်ခုကိုတွေ့ပြီး ကိုယ့်ကို တန်ဖိုးထားတဲ့ လူတွေကိုလည်း တွေ့လာလိမ့်ဆိုတဲ့အကြောင်းလေးကို ပြောပြထားတာပါ..။

“မိန်းကလေးမှ မဟုတ်ဘူး မိန်းကလေးဖြစ်ဖြစ် ယောကျၤားလေးဖြစ်ဖြစ် မှန်ကန်တဲ့ ရပ်တည်မှုအတွက်ကို ရဲရဲဝင့်ဝင့်ဘဝမှာ ရင်ဆိုင်စေချင်တယ်.. ရဲရဲဝင့်ဝင့်နဲ့ လူတစ်ယောက်အဖြစ် ဘဝမှာ ဆက်လက်ပြီးရပ်တည်စေချင်တယ်လို့လည်း ဒီစကားတွေကို ပြောဖြစ်တာ.. အဓိကကတော့ လူရယ်လို ဖြစ်လာရင် ကိုယ်ဖြစ်လာတဲ့ ဘဝမှာ ကိုယ်ပျော်ရွှင်ဖို့အရေးကြီးတယ် ကိုယ့်ကိုကိုယ် ဂုဏ်မယူတဲ့အခါမှာ တခြားဘယ်သူကလာပြီး ဂုဏ်ပြုမှာလဲနော် အဲ့တော့ ကိုယ့်ဘဝရဲ့ ရပ်တည်မှုကို မှန်ကန်တဲ့ရပ်တည်မှုလုပ်ပါ ကိုယ့်ကိုကိုယ် ဂုဏ်ယူပါ ကိုယ့်ကိုကိုယ် ဂုဏ်ယူမှ ကိုယ့်ဘဝသည်တန်ဖိုးရှိမှာ မိန်းကလေးမှ မဟုတ်ပါဘူး ယောကျၤားလေးတွေရော မိန်းကလေးတွေရော အကုန်လုံးကို ပေးချင်တယ် ကိုယ်ကိုကိုယ်တိုင်လည်း အဲ့လိုဘဝမှာ လက်တွေ့ကျကျနေထိုင်တယ်..။

Photo Credit – Wi Min Than’s Facebook
Photo Credit – Wi Min Than’s Facebook

အဓိကကတော့လေ ကိုယ့်ကိုကိုယ် မချစ်တတ်ပဲနဲ့ သူများကို ချစ်တယ်လို့ပြောတဲ့ လူတွေရဲ့ အချစ်က ယုံရရဲ့လားပေါ့နော်.. ကိုယ့်ကိုကိုယ် အရင်ချစ်ပါ ကိုယ့်ကိုကိုယ်အရင်ချစ်မှ မှန်ကန်တဲ့အချစ်တစ်ခုကို တွေ့လိမ့်မယ် အဓိက က ဝိညာဉ်နဲ့ ခန္ဓာတွဲနေတာ ဒီကိုယ်ခန္ဓာတစ်ခုပဲ ရှိတာလေ ကိုယ်ကမှ ကိုယ့်ကိုကိုယ် မချစ်ဘူး ကိုယ့်ကိုကိုယ် တန်ဖိုးမထားဘူးဆိုရင် ကိုယ့်ကို ဘယ်သူကလာပြီး တန်ဖိုးထားမှာလဲ ဘယ်သူကဘာပြီး ချစ်မှာလဲ အဲ့ဒီဟာလေးကို ပြောပြချင်ပါတယ်..။

အချစ်ရေးဆိုတာ လူရယ်လို့ဖြစ်လာရင် အချစ်ရေးဆိုတာ ပါလာမှာပဲ ဒါပေမယ့် အချစ်ရေးထက် ဘာတွေကပိုကြီးအရေးကြီးလဲဆိုတာ ချစ်တာလည်း ချစ်ပါ ကဏ္ဍာတွေခွဲထားပါ.. အချစ်ရေးဆိုလည်း ပေါ့ပျက်ပျက် အောက်တန်းစားအချစ်ရေးမှာ အချိန်ကုန်မခံနဲ့ အပြည့်အဝပြည့်ပြည့်၀၀ ချစ် အလုပ်လုပ်မယ်ဆိုလည်း ပြည့်ပြည့်၀၀လုပ် ပြည့်ဝတဲ့လူဖြစ်ချင်လား မပြည့်ဝတဲ့လူဖြစ်ချင်လား ကိုယ့်ကိုကိုယ် ရွေးချယ် ဒီခေတ်ကြီးမှာ ရွေးချယ်စရာတွေအများကြီးရှိတဲ့ထဲမှာမှ လမ်းဘေးကို ရွေးချယ်တယ်ဆိုရင် ဒါလမ်းဘေးကို ကြိုက်လို့ပဲပေါ့နော် ကိုယ့်ဘဝမှာရှိတဲ့ အခက်အခဲတွေကို ဝမ်းနည်းစရာ အားငယ်စရာထက် ဒါသည်ငါ့အတွက် စိန်ခေါ်မှု ဒီစိန်ခေါ်မှုကို ငါဘယ်လိုကျော်လွှားမလဲဆိုတဲ့ စိတ်နဲ့ ဖြတ်သန်းမယ်ဆိုရင် သာယာလှပတဲ့ဘဝတစ်ခုကို ခံစားနိုင်မယ်လို့ ထင်တယ်..” ဆိုပြီး သူမရဲ့ အမြင်လေးတွေကို မျှဝေထားတဲ့ ဗီဒီယိုဖိုင်လေးကို လျစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit – Wi Min Than’s Facebook

Photo Credit – Wi Min Than’s Facebook
Photo Credit – Wi Min Than’s Facebook

Photo Credit – Wi Min Than’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။