ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်တွေကြား ရေပန်းစားအောင်မြင်လာဦးမယ့် မော်လ်ဒယ်သရုပ်ဆောင်အနုပညာရှင် တစ်ဦးကတော့ တတ်သစ်စမင်းသားချောလေး ဝေရှိုင်းပဲ ဖြစ်ပါတယ်နော်..။

ချောမောပြီး တည်ငြိမ်ခန့်ညားကာ ဆွဲဆောင်မှုအပြည့်နဲ့ ယောင်္ကျားပီသတဲ့ ပုံရိပ်လေးတွေနဲ့ ကျရာဇာတ်ရုပ်တွေကို ပီပြင်အောင် အမြဲကြိုးစားလေ့ရှိတဲ့ မင်းသားချောလေး ဝေရှိုင်းကတော့ အခုဆိုရင် အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်နော်..။


Photo Credit – Wai Shine’s Facebook
Photo Credit – Wai Shine’s Facebook

ချိုးရုပ်ဇာတ်ကားမှာ အိချောပိုရဲ့ ချစ်သူအဖြစ် ပရိသတ်တွေရဲ့ အချစ်တွေကို စတင်ရရှိသိမ်းပိုက်ထားသလို လတ်တလောမှာ ထုတ်လွှင့်ပြသနေတဲ့ “လိပ်ပြာ” “အမှန်တရားရဲ့ ဓားတစ်လက်” ဇာတ်လမ်းမှာလည်း ပါဝင်သရုပ်ဆောင်ထားသူလေးပဲ ဖြစ်ပါတယ်..။

မင်းသားချောဝေရှိုင်းကတော့ အဆိုတော်မင်းသမီးချောလေး ပန်းရောင်ခြယ်နဲ့အတူ သရုပ်ဆောင်ရိုက်ကူးထားတဲ့ “လိပ်ပြာ” ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်လေးနဲ့ ပတ်သက်ပြီးတော့လည်း ပြောပြလာခဲ့ပါတယ်..။


Photo Credit – Wai Shine’s Facebook
Photo Credit – Wai Shine’s Facebook

လက်ရှိခေတ်နဲ့ လွန်ခဲ့တဲ့ (၁၉၉၀) ခေတ်နဲ့ ခေတ်နှစ်ခေတ်ကို ရိုက်ကူးထားတဲ့ “လိပ်ပြာ” ဇာတ်ကားလေးမှာ မင်းဦးရဲ့ ငယ်ဘဝကနေ ပါဝင်သရုပ်ဆောင်ထားပြီး အဝတ်အစားတွေကအစ မျက်ရည်အစစ်တွေကျပြီး သေနတ်တွေ ဗောက်အိုးတွေကြားကနေ လုံးဝသေသေချာချာပြင်ဆင်ပြီး အကောင်းဆုံးကြိုးစားပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်တာမို့ ပရိသတ်တွေကို စောင့်ကြည့်အားပေးကြဖို့လည်း ပြောထားပါတယ်နော်..။

မင်းသားချောဝေရှိုင်းကတော့ သူ့ရဲ့အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး အနုပညာရှင်အသစ်တစ်ယောက်အနေနဲ့ ရိုက်ကွင်းပေါ်ကို ရောက်တာနဲ့ အသစ်တစ်ယောက်ဆိုတဲ့ စိတ်ကိုမထည့်ပဲ ကိုယ့်ရဲ့ ဇာတ်ကောင်ကိုပဲ အာရုံစိုက်ပြီး Mode သွင်းပြီး အနုပညာအလုပ်တွေကို လုပ်ဆောင်ဖြစ်တယ်ဆိုပြီးတော့လည်း ပြောပြထားတဲ့ အင်တာဗျူးဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေအတွက် မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit – Wai Shine’s Facebook
Photo Credit – Wai Shine’s Facebook

Photo Credit – Wai Shine’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။