" လိပ်ပြာ စံအိမ် " ရုပ်ရှင်ဇာတ်ကားကြီးမှတစ်ဆင့် ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးခြင်းကို ရရှိထားသူကတော့ ကလေးသရုပ်ဆောင် ပြည့်ပြည့်ပါ။ ပြည့်ပြည့်ဟာ ငယ်စဉ်ကတည်းက အနုပညာအလုပ်ကို ဝါသနာပါလာသူတစ်ယောက်ဖြစ်ပြီး အသက်ငယ်ငယ်လေးနဲ့ သရုပ်ဆောင်ပညာကို ပိုင်နိုင်သူတစ်ယောက်အဖြစ် ဝါရင့်အနုပညာရှင်များကပါ ချီးကျူးခြင်းကို ခံထားရသူတစ်ယောက်ပါ။ သမီးလေးဟာ ကျောင်းတစ်ဖက်နဲ့ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေသူတစ်​ယောက်ပါ။

Photo Credit - Pyae Pyae’s Facebook
Photo Credit - Pyae Pyae’s Facebook
Photo Credit - Pyae Pyae’s Facebook

ပြည့်ပြည့်ဟာ မကြာသေးခင်ကလည်း သူမပါဝင်သရုပ်ဆောင်ထားတဲ့ " ကမ္ဘာနှစ်ထပ် " ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးလည်း ရုပ်ရှင်ရုံများတွင် ပြသခဲ့တာပါ။ ဒီဇာတ်ကားကြီးထဲမှာ မင်းသား နိုင်းနိုင်း၊ မင်းသမီး မေကဗျာတို့ရဲ့ သမီးနေရာမှ ပါဝင်သရုပ်ဆောင်ထားတာပါ။ လတ်တလောမှာလည်း အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။

Photo Credit - Pyae Pyae’s Facebook
Photo Credit - Pyae Pyae’s Facebook
Photo Credit - Pyae Pyae’s Facebook

နိုဝင်ဘာလလေးဟာ ပြည့်ပြည့်အတွက် ကံအကောင်းဆုံးလလေးပါ။ သူမထိုးထားတဲ့ထီမှတစ်ဆင့် အောင်ဘာလေ (၅) သောင်းဆုပေါက်ခဲ့တာပါ။ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်လည်း " ဘ၀ မှာ ထီ ထိုးလာတာ ကြာပြီ

ပထမဆုံးအကြိမ်

ဍ ၁၅

ကျပ်ငါးသောင်းဆု ရဖူးခြင်း

ကံကောင်းသော နို၀င်ဘာ လ

ကျေးဇူးတင်ပါတယ်

ဆက်လက်ပြီး ကံကောင်းခြင်းတွေ ကြားရပါစေ " ဆိုပြီး ရေးသားထားတာပါ။ ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Photo Credit - Pyae Pyae’s Facebook 

Photo Credit - Pyae Pyae’s Facebook
Photo Credit - Pyae Pyae’s Facebook
Photo Credit - Pyae Pyae’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။