ပရိသတ်တွေရဲ့အချစ်တော်မင်းသမီးချောလေး ခြူးလေးဟာ ရုပ်သံဇာတ်လမ်းတွဲတွေသာမကပဲ ရုပ်ရှင်ဇာတ်ကားကြီးများပါ အဆက်မပြတ်ရိုက်ကူးနေရသူတစ်ယောက်ပါ။ သူမရဲ့သရုပ်ဆောင်ပီပြင်မှုတွေကြောင့်လည်း အချိန်တိုအတွင်းမှာ နာမည်ကြီးမင်းသမီးတစ်ယောက်အဖြစ် ရပ်တည်နေတာပါ။

Photo Credit- Chue Chue’s Facebook
Photo Credit- Chue Chue’s Facebook
Photo Credit- Chue Chue’s Facebook

လတ်တလောမှာလည်း သရုပ်ဆောင် နေတိုးနဲ့အတူ ကြော်ငြရိုက်ကူးမှုတွေ ပြုလုပ်နေတာပါ။ မကြာခင်မှာလည်း သူမပါဝင်သရုပ်ဆောင်ထားတဲ့ "ကျော်ကြားနဲ့ အမွှေစိန် ဝိဉာဉ် " ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးရုံတင်ပြသတော့မှာပါ။ လွန်ခဲ့တဲ့ နာရီပိုင်းကလည်း ဒီဇာတ်ကားကြီးမှာပါတဲ့ ဇာတ်ဝင်ခန်းလေးကို သရုပ်ဆောင် နေရဲနဲ့အတူ Tik Tok လေးဆော့ကစားထားတဲ့ Tik Tok Video လေး တင်ထားတာပါ။

Photo Credit- Chue Chue’s Facebook
Photo Credit- Chue Chue’s Facebook
Photo Credit- Chue Chue’s Facebook

သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်လည်း " ချစ်ပရိသတ်ကြီးရေ....

#ကျော်ကြားနဲ့အမွှေစိန်ဝိညာဉ်

ဇာတ်ကားကြီးထဲက ဇာတ်ဝင်ခန်းလေးတစ်ခုကို

#ခြူးလေး နဲ့အတူပျော်ပျော်ပါးပါး

#TikTok ဆော့ကျမယ်နော်...

နေရဲ ရဲ့ ပါးကိုတကယ် ရိုက်မိသွားလို့

အရမ်းနာနေတာ ..... " ဆိုပြီး ရေးသားထားတာပါ။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်။

Source- Chue Chue’s Facebook

Photo Credit- Chue Chue’s Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။