သရုပ်ဆောင် မင်းသမီးချောလေး ချစ်စနိုးဦးကတော့ သူမချစ်ရတဲ့ချစ်သူနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်သည်ဘဝလေးတစ်ခုကို တည်ဆောက်လိုက်ပြီပဲ ဖြစ်ပါတယ်။ တေးရေး၊တေးဆိုတစ်ဦးဖြစ်တဲ့ ကိုဖိုးသားနဲ့ မင်းသမီးချော ချစ်စနိုးဦးတို့ကတော့ လက်ရှိမှာ မင်္ဂလာပွဲလေးတွေကျင်းပရင်း ပျော်ရွှင်နေကြတာ ဖြစ်ပါတယ်။ ချစ်စနိုးဦးတို့ဇနီးမောင်နှံရဲ့ စုလျားရစ်ပတ် လက်ထပ်ပွဲကိုတော့ ပြီးခဲ့တဲ့ရက်ပိုင်းက Novotel Hotel မှာကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit -Nyi Nyi Maung's FB
Photo Credit -Nyi Nyi Maung's FB
Photo Credit -Nyi Nyi Maung's FB

ဒီနေ့နိုဝင်ဘာလ (၂)ရက်နေ့မှာတော့ ကိုဖိုးသားနဲ့ ချစ်စနိုးဦးတို့ဇနီးမောင်နှံက မင်္ဂလာညစာစားပွဲလေးကို ကျင်းပပြုလုပ်နေကြတာ ဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံရဲ့ မင်္ဂလာညစာစားပွဲကိုတော့ ရန်ကုန်မြို့ရှိ '' The One Entertainment Park'' မှာ ကျင်းပပြုလုပ်နေတာပဲ ဖြစ်ပါတယ်။ မိတ်ကပ်ညီညီမောင် (စမ်းချောင်း) ခေါ် သုသုကလည်း ချစ်စနိုးဦးတို့ဇနီးမောင်နှံရဲ့မင်္ဂလာပွဲအတွက် ပြင်ဆင်ခြယ်သပေးခဲ့ပါတယ်။

Photo Credit -Nyi Nyi Maung's FB
Photo Credit -Nyi Nyi Maung's FB

သုသုက '' ကိုဖိုးသား + ချစ်စနိုးဦး Wedding Dinner အတွက် သုရဲ့မိတ်ကပ်ဆံပင် ပြင်ဆင်မှုပါ ဘိုဆန်ဆန်လေး ပြင်ပေးဖြစ်တယ် ပါးပါးလေးပေါ့ရှင်'' ဆိုပြီး ပုံလေးတွေလည်း တင်ပေးထားပါသေးတယ်။ သတို့သမီးလေး ချစ်စနိုးဦးကတော့ အဖြူရောင်မင်္ဂလာဝတ်စုံလေးနဲ့ အရမ်းကိုကျက်သရေရှိပြီး လှနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်္ဂလာညစာစားပွဲကျင်းပပြုလုပ်နေတဲ့ ချစ်စနိုးဦးတို့ဇနီးမောင်နှံရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit -Nyi Nyi Maung's FB

Photo Credit -Nyi Nyi Maung's FB
Photo Credit -Nyi Nyi Maung's FB
Photo Credit -Nyi Nyi Maung's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။