ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ရရှိပိုင်ဆိုင်ထားသူကတော့ ပြည်သူချစ်မင်းသမီး နန္ဒာလှိုင်ပါ။ သူမဟာ အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို မလုပ်ကိုင်တော့ပဲ စီးပွားရေးလုပ်ငန်းတွေသာ ဇောက်ချလုပ်ကိုင်နေတာပါ။ အနုပညာအလုပ်တွေ မလုပ်တော့ပင်မယ့်လည်း ပရိသတ်တွေကတော့ ယနေ့ထိတိုင်အားပေးနေကြဆဲပါ။

Photo Credit - Nandar Hlaing’s Facebook
Photo Credit - Nandar Hlaing’s Facebook
Photo Credit - Nandar Hlaing’s Facebook

ဒီနေ့လေးကတော့ သရုပ်ဆောင် နန္ဒာလှိုင်ရဲ့ (၄၅) နှစ်ပြည့် မွေးနေ့မင်္ဂလာရက်မြတ်လေးပါ။ သူမရဲ့မွေးနေ့လေးကိုတော့ ချစ်ခင်ရသူတွေများက မွေးနေ့ဆုတောင်းများ ပြုလုပ်ပေးခဲ့ကြပါတယ်။ ချစ်ရတဲ့ ခင်ပွန်းကလည်း " Happy Birthday Nandar “ ဆိုပြီး မိသားစုပုံရိပ်လေးနဲ့အတူ မွေးနေ့ဆုတောင်းပေးခဲ့တာပါ။

Photo Credit - Nandar Hlaing’s Facebook
Photo Credit - Nandar Hlaing’s Facebook
Photo Credit - Nandar Hlaing’s Facebook

သူမရဲ့မွေးနေ့ပွဲလေးကိုတော့ ချစ်ရတဲ့ မိသားစုနဲ့အတူ ကျင်းပခဲ့တာပါ။ မကြာသေးခင်ကလည်း သူမရဲ့လူမှုကွန်ယက်စာမျက်နှာတွင် မွေးနေ့ပွဲကျင်းပနေတဲ့ Live Video လေး လွှင့်ခဲ့တာပါ။ နန္ဒာဟာ မွေးနေ့ကိတ်လေးကို ချစ်ရတဲ့ သမီးလေးတွေနဲ့အတူ ခွဲခဲ့တာပဲဖြစ်ပြီး ပရိသတတွေအတွက် ဒီLive Video လေးကို တင်ဆက်ပေးလိုက်ပါတယ်။

Source- Nandar Hlaing’s Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။