သရုပ်ဆောင် ချစ်စနိုးဦးဟာ ဆယ်စုနှစ်ကျော်တိုင်အောင် အနုပညာလောကမှာ အောင်မြင်မှုတွေများစွာရရှိပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေးတစ်ယောက်ပါ။ သူမရဲ့သရုပ်ဆောင်ပီပြင်မှုတွေကြောင့် အကယ်ဒမီထူးချွန်ဆုကိုလည်း ရရှိထားသူပါ။ ချိုသာတဲ့မျက်နှာလေးကြောင့်လည်း ပရိသတ်တွေက ချစ်ခင်အားပေးနေရတာပါ။

Photo Credit - Chit Snow Oo’s Facebook
Photo Credit - Chit Snow Oo’s Facebook
Photo Credit - Chit Snow Oo’s Facebook

သူမဟာ ချစ်ရသူနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ ဘဝလေးကိုရရှိပိုင်ဆိုင်ထားတာပါ။ လတ်တလောမှာလည်း ချစ်သူနဲ့အတူ မင်္ဂလာပွဲအခမ်းအနားတွေ ကျင်းပနေတာပါ။ ပရိသတ်တွေကလည်း သူတို့နှစ်ယောက်ကို လိုက်ဖက်တဲ့ စုံတွဲလေးအဖြစ် သတ်မှတ်ထားကြတာပါ။

Photo Credit- Okkar Kyaw’s Facebook
Photo Credit- Khine Thin Kyi’s Facebook
Photo Credit- Khine Thin Kyi’s Facebook

ဒီနေ့လေးကတော့ ချစ်စနိုးဦးတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့ မင်္ဂလာညစာစားပွဲအခမ်းအနားကျင်းပတဲ့ နေ့ရက်လေးပါ။ ဒီပွဲလေးကိုတော့ သူတို့နှစ်ယောက်ကိုချစ်ခင်တဲ့ အနုပညာရှင် ၊မိတ်ဆွေတွေများစွာ တက်ရောက်ခဲ့ကြတာပါ။ မင်းသမီးချောလေး ခိုင်သင်းကြည်ရဲ့ Facebook Myday တွင်လည်း “ Congratulations Chit Snow Oo” ဆိုပြီး သူတို့နှစ်​ဦးရဲ့ မင်္ဂလာရှန်ပိန်ဖောက်နေကြတဲ့ ဗီဒီယိုလေးကို တင်ထားတာပဲဖြစ်ပြီး ပရိသတ်ကြီးအတွက် တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source- Khine Thin Kyi’s And Okkar Kyaw’s Facebook 

Photo Credit- Chit Snow Oo’s Facebook  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။