ပရိသတ်ကြီးရေ.. ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ နာမည်ကျော် မြန်မာ့အားကစားပညာရှင်တွေထဲမှာ ကြက်တောင်အားကစားမယ်လေး ရွှေတံဆိပ်ဆုရှင်လေး သက်ထားသူကိုတော့ ပရိသတ်တွေအားလုံး သိရှိပြီး ဖြစ်မှာပါနော်..။

မြန်မာ့ဂုဏ်ဆောင် ချန်ပီယံဆုရှင်လေး သက်ထားသူဇာကတော့ နိုင်ငံတကာအဆင့်ပြီုင်ပွဲတွေမှာလည်း အောင်မြင်မှုတွေရရှိထားပြီး ငယ်စဉ်တကည်းက ကြက်တောင်အားကစားမယ်အဖြစ် ဖြတ်သန်းလာတဲ့ သူမကတော့ မြန်မာ့အားကစားလောကမှာ အားထားရသူလေးဆိုလည်း မမှားပါဘူးနော်..။

Photo Credit – Thet Thar Thuzar’s Facebook
Photo Credit – Thet Thar Thuzar’s Facebook

ပရိသတ်တွေရဲ့အချစ်တော်လေး သက်ထားသူဇာကတော့ (၇)နှစ်သမီးအရွယ်ကတည်းက ဖခင်ဖြစ်သူက ကြက်တောင်အားကစားကို လေ့ကျင့်ပေးခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း အောင်မြင်တဲ့ ကြက်တောင်အားကစားမယ်လေးအဖြစ် ရပ်တည်ကြိုးစားနေသူလေးပဲ ဖြစ်ပါတယ်နော်..။

အခတုစ်ခါမှာလည်း သက်ထားသူဇာရဲ့ ဖခင်ထွန်းထွန်းဇော်ကလည်း အခုလိုအောင်မြင်မှုတွေရရှိလာတဲ့ သမီးဖြစ်သူအတွက် ဂုဏ်ယူမိတဲ့အကြောင်းလေးတွေနဲ့ ငယ်ငယ်ကတည်းက ကြက်တောင်အားကစားလေ့ကျင့်ပေးခဲ့တဲ့အကြောင်းလေးတွေကို ပြောပြလာခဲ့ပါတယ်..။

Photo Credit – Thet Thar Thuzar’s Facebook
Photo Credit – Thet Thar Thuzar’s Facebook

၇ နှစ်သမီးအရွယ်ကတည်းက စတင်လေ့ကျင့်ပေးခဲ့ပြီး မြန်မာလက်ရွေးစင်ဖြစ်တဲ့အတွက် မြန်မာလက်ရွေးစင်နည်းပြတွေနဲ့ သင်သလို ကိုယ်ပိုင် Club မှာလည်း ထပ်ပြီးလေ့ကျင့်ပေးဖြစ်သလို လက်ရှိပုံစံအတိုင်းသာဆက်ပြီး ကြိုးစားသွားမယ်ဆိုရင် အိုလံပစ်မှာ ရမယ်လို့လည်း စိတ်ထဲမှာ ယုံကြည်တဲ့ အကြောင်းလေးကိုလည်း ပြောပြထားပါသေးတယ်..။

ဆီးဂိမ်းအတွက်လည်း လက်ရှိမြန်မာပြည်မှာလည်း လေ့ကျင့်ပေးမှာဖြစ်ကာ နိုင်ငံခြားထွက်ပြီးလည်း လေ့ကျင့်ပေးဖို့ ထိ လုပ်ထားပြီး ဆီဂိမ်းမှာ ဆုတံဆိပ်မျှော်မှန်းချက်တွေနဲ့ ပတ်သက်ပြီးတော့လည်း ပြောပြထားတဲ့ သက်ထားသူဇာရဲ့ဖခင်ဖြစ်သူ ထွန်းထွန်းဇော်ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit – Thet Thar Thuzar’s Facebook
Photo by Myanmarload

Photo Credit – Thet Thar Thuzar’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။