ပရိသတ်ကြီးရေ.. ဂီတလောကမှာ အမိုက်စားတေးသီချင်းကောင်းတွေနဲ့ မိန်းကလေး ယောကျၤားလေး လူငယ် လူရွယ်မရွေး အားလုံးရဲ့ အားပေးကြိုက်နှစ်သက်မှုတွေနဲ့ ချစ်ခင်မှုတွေကို အခိုင်အမာရရှိအောင်မြင်နေတဲ့ ဂီတမင်းသားကြီးကတော့ Rocker အဆိုတော်ကြီး ဇော်ဝင်းထွဋ်ပဲ ဖြစ်ပါတယ်နော်..။

အသံပါဝါကောင်းကောင်းနဲ့ ဆယ်စုနှစ်တွေကတည်း အောင်မြင်လာတဲ့ ဇော်ဝင်းထွဋ်ရဲ့ အမိုက်စား Rock တေးသီချင်းကောင်းတွေကတော့ ယနေ့အချိန်ထိ ပရိသတ်တွေရဲ့ ရင်ထဲနေယူထားပြီး လူကြိုက်များအောင်မြင်နေဆဲပဲ ဖြစ်ပါတယ်နော်..။

Photo Credit - Zaw Win Htut's Facebook
Photo Credit - Zaw Win Htut's Facebook

မကြာခင် သုဝဏ္ဏဘူမိမှာ ဖျော်ဖြေပွဲ ပြုလုပ်ကျင်းပသွားမယ့် ဝါရင့်ဂီတအဆိုတော်ကြီး ဇော်ဝင်းထွဋ်ကတော့ လက်ရှိဂီတလောကဟာ အရင်ခေတ်နဲ့ ပြောင်းလဲကွာခြားလာတဲ့ ဂီတလောကအကြောင်းကို ပြောပြလာခဲ့ပါတယ်နော်..။

အရင်တုန်းကတော့ ကိုယ့်ဘာသာစဉ်းစားပြီး လုပ်တာတွေရှိတယ် အခုကျတော့ ခေတ်က ပြောင်းလာတော့ စီစဉ်ပေးမယ့်အဖွဲ့တွေ စပွန်ဆာတွေက အရမ်းများကတော့ ကိုယ်ကသက်တောင့်သက်သာလေးနဲ့ပဲ စင်ပေါ်တက်သွားရမယ့် ခေတ်ရောက်သွားတာပေါ့..။

Photo Credit - Zaw Win Htut's Facebook
Photo Credit - Zaw Win Htut's Facebook

အရင်တုန်းဆို အသံဘက်က အသံထွက်ပါ့မလား စပီကာကြိုးပဲ လွတ်နေမလားဆိုပြီး ပူခဲ့ရတာလေ .. အခုကတော့ အေးဆေးပဲ စင်ပေါ်ခုန်တက်သွားရုံပဲဆိုတော့ အရမ်းကို ကောင်းတဲ့ခေတ်ကိုရောက်သွားသလို ပိုပြီးတော့လည်း စိတ်ချလုံခြုံမှုရှိတာပေါ့ ဆိုပြီး ပြောပြထားတာပဲ ဖြစ်ပါတယ်..။

လက်ရှိအနုပညာလှုပ်ရှားမှုလေးတွေနဲ့ နိုဝင်ဘာ(၁၁) သုဝဏ္ဏဘူမိမှာ ကျင်းပြုလုပ်မယ့် ဆေးပေါင်းခတဲ့ည ဖျော်ဖြေပွဲကြီးမှာလည်း ဖျော်ဖြေသွားမယ့်အကြောင်းလေးကိုလည်း ပြောပြထားတဲ့ ဗီဒီယိုဖိုင်လေးကိုလည်း မျှဝေပေးလိုက်ပါတယ်နော်..။

Photo By Myanmarload
Photo By Myanmarload

Photo Credit - Zaw Win Htut's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။