ကြည်လင်အေးချမ်းတဲ့ အလှတရားတွေနဲ့ ကျက်သရေရှိစွာ လှနေသူလေးကတော့ မင်းသမီးချောလေး ချောရတနာပဲ ဖြစ်ပါတယ်။ VCD ခေတ်ကတည်းက အနုပညာလောကမှာ နာမည်ရအောင်မြင်နေခဲ့တဲ့ ချောရတနာက ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ အများဆုံးရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ချောရတနာက ပွဲအခမ်းအနားလေးတွေသာ အဓိကတက်ရောက်နေတာ ဖြစ်ပါတယ်။

Photo Credit- Chaw Yadanar's FB
Photo Credit- Chaw Yadanar's FB

မနေ့ညကကျင်းပပြုလုပ်ခဲ့တဲ့ သရုပ်ဆောင် မင်းသမီး ချစ်စနိုးဦးရဲ့မင်္ဂလာညစာစားပွဲကိုလည်း ချောရတနာက တက်ရောက်ဂုဏ်ပြုပေးခဲ့ပါတယ်။ ချောရတနာက ချစ်ခင်ပွန်းရဲ့လက်ကိုတွဲပြီး ချစ်စနိုးဦးရဲ့မင်္ဂလာပွဲနှစ်ခုလုံးကို တက်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။ အခုလည်း ချောရတနာက မင်္ဂလာပွဲကိုတက်ရောက်ခဲ့တဲ့ ပုံရိပ်လေးတွေကို မျှဝေပေးခဲ့ပါတယ်။

Photo Credit- Chaw Yadanar's FB
Photo Credit- Chaw Yadanar's FB

ကလေးနှစ်ယောက်အမေဖြစ်တဲ့ ချောရတနာကတော့ အခုချိန်အထိ အရွယ်တင်နုပျိုပြီး အလှတွေပိုနေတာလည်း ဖြစ်ပါတယ်။ ချောရတနာတို့စုံတွဲက ချစ်စနိုးဦးရဲ့မင်္ဂလာပွဲမှာ မေသန်းနုနဲ့အတူ တွေ့ဆုံခဲ့ပါသေးတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ချစ်စနိုးဦးရဲ့မင်္ဂလာညစာစားပွဲကို တက်ရောက်ခဲ့တဲ့ ချောရတနာတို့စုံတွဲရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit- Chaw Yadanar's FB

Photo Credit- Chaw Yadanar's FB
Photo Credit- Chaw Yadanar's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။