ပရိသတ်ကြီးရေ အဆိုတော်သရုပ်ဆောင် နန်းဆုရတီစိုးကတော့ မကြာသေးခင်လကမှ သီချင်းအသစ်လေးတစ်ပုဒ်ထွက်ရှိထားတာဖြစ်ပါတယ်။ဇာတ်ကားတွေရိုက်တာ သိပ်မရှိတော့ဘဲ ကြော်ငြာတွေနဲ့ သီချင်းတွေကိုသာ သေသေချာချာ လုပ်ဆောင်နေတာပါနော်။ပရိသတ်တွေကလည်း နန်းစုရဲ့ အနုပညာလှုပ်ရှားမှုတိုင်းကို အပေးဝန်းရံကြ‌ပြီး ပိုပိုချစ်နေရတာဖြစ်ပါတယ်။

Photo Credit:Nansu Yati Soe's Facebook
Photo Credit:Nansu Yati Soe's Facebook
Photo Credit:Nansu Yati Soe's Facebook
Photo Credit:Nansu Yati Soe's Facebook

အခုဆိုရင်တော့ နန်းဆုက အနုပညာမောင်နှမတွေဖြစ်တဲ့ သရုပ်ဆောင်အဆိုတော်ချစ်စနိုးဦးနဲ့ အဆိုတော်ဖိုးသားတို့ရဲ့ မင်္ဂလာညစာစားပွဲလေးကိုတက်ရောက်လာကြတာဖြစ်ပါတယ်။ချစ်စနိုးဦးတို့ဇနီးမောင်နှံရဲ့ပွဲလေးကို မေသန်းနု ခိုင်သင်းကြည် ခန့်စည်သူ စန္ဒီမြင့်လွင် နန်းမြတ်ဖြိုးသင်း စမိုင်းလ်တို့အပြင် တစ်ခြားအနုပညာမောင်နှမများကတက်ရောက်ခဲ့ကြပါတယ်။

Photo Credit:Nansu Yati Soe's Facebook
Photo Credit:Nansu Yati Soe's Facebook
Photo Credit:Nansu Yati Soe's Facebook
Photo Credit:Nansu Yati Soe's Facebook

နန်းဆုကလည်း ချစ်စနိုးဦးတို့ပွဲလေးမှာ အနုပညာမောင်နှမတွေနဲ့ ဓာတ်ပုံအတူတူတွဲရိုက်ပြီး ပျော်ရွှင်နေတာဖြစ်ပါတယ်။အနုပညာအသိုင်းအဝိုင်းကသူတွေအကုန်လုံး စည်းစည်းလုံးလုံး တက်တက်ကြွကြွနဲ့ မင်္ဂလာညစာစားပွဲလေးကို ပါဝင်ဆင်နွှဲကြပြီး အနုပညာမောင်နှမတွေနဲ့အတူပျော်ရွှင်နေတဲ့ နန်းဆုရတီစိုးရဲ့ ပုံရိပ်လေးကို မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Nansu Yati Soe's Facebook
Photo Credit:Nansu Yati Soe's Facebook
Photo Credit:Nansu Yati Soe's Facebook
Photo Credit:Nansu Yati Soe's Facebook

Photo Credit:Nansu Yati Soe's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။