အသံပါဝါအားကောင်းကောင်းနဲ့ Rap သီချင်းများရွတ်ဆိုနိုင်ရုံသာမက Pop သီချင်းချိုချိုလေးတွေကိုလည်း ပရိသတ်ကြိုက်နှစ်သက်အောင် သီဆိုနိုင်သူကတော့ သရုပ်ဆောင်၊အဆိုတော် စန္ဒီမြင့်လွင်ပါ။ သူမဟာ ချစ်ရတဲ့ ခင်ပွန်း၊သမီးလေးနဲ့အတူ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကို ရရှိပိုင်ဆိုင်ထားတာပါ။ ပရိသတ်တွေအားလုံးကလည်း ဒီးဒီရဲ့မိသားစုဘဝလေးကို အားကျနေရတာပါ။ 

Photo Credit- Sandi Myint Lwin’s Facebook
Photo Credit- Sandi Myint Lwin’s Facebook
Photo Credit- Sandi Myint Lwin’s Facebook

ဒီးဒီဟာ လတ်တလောမှာလည်း ကြော်ငြာရိုက်ကူးရေးနဲ့ပွဲအခမ်းအနားတွေကို တက်ရောက်နေရတာပါ။ မနေ့ကလည်း အဆိုတော်ဖိုးသားနဲ့အကယ်ဒမီ မင်းသမီးချောလေး ချစ်စနိုးဦးတို့ရဲ့ မင်္ဂလာညစာစားပွဲအခမ်းအနားကို ခင်ပွန်းနဲ့အတူ တက်ရောက်အားပေးချီးမြှင့်ခဲ့တာပါ။ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်လည်း အခုလိုပဲရေးသားခဲ့တာပါ။ 

Photo Credit- Sandi Myint Lwin’s Facebook
Photo Credit- Sandi Myint Lwin’s Facebook
Photo Credit- Sandi Myint Lwin’s Facebook

" ချစ်တဲ့သူနဲ့ ဖူးစာဆုံရတာထက် ဘယ်ဟာက ပိုပျော်စရာကောင်းဦးမှာလဲနော်။ (ဒါက ကိုယ်တွေ့ပါပဲ..ဟိဟိ)။

ကိုဖိုးသားနဲ့ နံရိုးပိုင်ရှင် သဲသဲတို့အတွက် နှစ်ထပ်ကွမ်း Congratulations ပါ။ Treasure နဲ့ တူတူဆော့ရအောင် ဘေဘီမွစိလေး မြန်မြန်မွေးပေးပါတော့။ @ The ONE Entertainment Park " ဆိုပြီး ရေးသားထားတာလေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit - Sandi Myint Lwin’s Facebook

Photo Credit- Sandi Myint Lwin’s Facebook
Photo Credit- Sandi Myint Lwin’s Facebook
Photo Credit- Sandi Myint Lwin’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။