ရွှေကစ်လို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ ပရိသတ်တွေရဲ့ အသည်းကျော်လေး ဝတ်မှုံရွှေရည်ကတော့ အောင်မြင်တဲ့ ထိပ်တန်းမင်းသမီးလေးတစ်ဦးဖြစ်သလို ကလေးလေး တစ်ယောက်လိုလည်း ချစ်ဖို့ကောင်းသူလေးပါ..။

ကျော့ရှင်းတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ ရွှေကစ်လေးကတော့ ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ အပြုံးလှလှလေးတွေအပြင် အသည်းယားစရာအမူအရာလေးတွေနဲ့လည်း ဖမ်းစားတတ်သူလေးလည်း ဖြစ်ပါတယ်..။

Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

ဒိတ်ဒိတ်ကြဲမင်းသမီးချောလေးအဖြစ် အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေတဲ့ ရွှေကစ်လေးဟာ အခမ်းအနားပွဲတော်တော်များမျာကို တက်ရောက်နေပြီး Oppo ရဲ့ ပွဲလေးကိုလည်း တက်ရောက်ခဲ့ပြန်ပါတယ်..။

Oppo ရဲ့ အခမ်းအနားပွဲလေးဖြစ်တဲ့ Oppo Reno 2 2F First Sale Event ပွဲလေးကို အခြားအနုပညာရှင်မင်းသားချောလေးနှစ်ယောက်နဲ့အတူ တက်ရောက်ခဲ့တာဖြစ်ပြီး ကျော့ရှင်းစွာလှနေတဲ့ ရွှေကစ်လေးကတော့ ကလေးလေးတစ်ယောက်လိုလည်း ချစ်ဖို့ကောင်းနေပါတယ်နော်..။

Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

အစိမ်းရောင်ဖက်ရှင်လေးနဲ့ ကျော့ရှင်းစွာ လှရက်လွန်းနေပြီး ချစ်စရာ အပြုံးချိုချိုလေးနဲ့ မြင်သူတိုင်းကို ရင်အေးစေတဲ့ သူမရဲ့ ပုံရိပ်လေးကိုတော့ ပရိသတ်တွေတိုင်း အချစ်ပိုနေကြမှာပါနော်..။

ဒီကနေ့လေးမှာတော့ ချစ်ရတဲ့ အသည်းကျော်ရွှေကစ်လေးရဲ့ ချစ်စရာပွဲတက်ပုံရိပ်လေးတွေကိုလည်း အားလုံးအတွက် မျှဝေပေးလိုက်တာမို့ အသည်းလေးတွေ ပေးသွားဖို့ မမေ့ပါနဲ့ဦးနော်..။

Photo By Myanmarload

Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

Photo By Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။