မင်းသမီးချောလေး မေမြင့်မိုရ်ကတော့ ''ပန်းနုသွေး'' ဆိုတဲ့ဇာတ်လမ်းတွဲလေးနဲ့ ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်လာခဲ့တာ ုဖစ်ပါတယ်။ နူးညံ့သိမ်မွေ့တဲ့မိန်းမလှလေးတစ်ဦးအဖြစ် ချစ်ဖို့ကောင်းနေတဲ့ မေမြင့်မိုရ်က တစ်နေ့တစ်ခြားပိုလှလို့လာတာလည်း ဖြစ်ပါတယ်။ မေမြင့်မိုရ်က ရုပ်သံဇာတ်လမ်းတွဲလေးတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း မနားတမ်းရိုက်ကူးနေရတာ ဖြစ်ပါတယ်။

Photo Credit -May Myint Mo's FB
Photo Credit -May Myint Mo's FB
Photo Credit -May Myint Mo's FB

အခုရက်ပိုင်းမှာတော့ မေမြင့်မိုရ်က ဇာတ်ကားတွေ ရိုက်ကူးနေရသလို ပွဲအခမ်းအနားတွေလည်း တက်ရောက်နေရပါတယ်။ ဒီနေ့မှာတော့ မေမြင့်မိုရ်က မင်းသားချောလေး နေတိုးနဲ့အတူ ရိုက်ကွင်းမှာ ဆုံတွေ့ခဲ့ကြပါတယ်။ နေတိုးနဲ့မေမြင့်မိုရ်တို့က ဆောင်းတွင်းဖက်ရှင်လေးတွေဝတ်ဆင်ပြီး အတူတူရိုက်ကူးရေး ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit -May Myint Mo's FB
Photo Credit -May Myint Mo's FB

နှစ်ယောက်အတူရိုက်ကူးထားတဲ့ အမှတ်တရပုံရိပ်လေးတွေကိုလည်း မေမြင့်မိုရ်က '' ဒီနေ့အမှတ်တရ #Comingsoon # December '' ဆိုပြီး တင်ထားပါတယ်။ မေမြင့်မိုရ်တို့အနုပညာမောင်နှမနှစ်ယောက်ကတော့ ရိုက်ကူးရေးပြုလုပ်ရင်း ပျော်ရွှင်နေကြတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် နေတိုးနဲ့ မေမြင့်မိုရ်ရဲ့အမှတ်တရပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit -May Myint Mo's FB

Photo Credit -May Myint Mo's FB
Photo Credit -May Myint Mo's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။