ပရိသတ်တွေချစ်ခင်ရတဲ့ အဆိုတော်သရုပ်ဆောင်ရွှေထူးနဲ့ သရုပ်ဆောင်ရွှေမှုံရတီတို့နှစ်ယောက်ကတော့ တူနှစ်ကိုယ်ဘဝလေးကိုတည်ဆောက်ထားကြတာ မကြာခင်မှာ ၁နှစ်ပြည့်တော့မှာဖြစ်ပါတယ်။ရွှေထူးနဲ့ရွှေမှုံတို့က တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြလို့ နားလည်မှုတွေနဲ့ နေထိုင်နေကြတာပါနော်။ရွှေထူးကလည်း အခုနောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးလာတာဖြစ်လို့ အနုပညာခြေလှမ်းတွေစိပ်နေပါတယ်။

Photo Credit:Shwe Hmone Yati's IG
Photo Credit:Shwe Hmone Yati's IG

ရွှေမှုံလေးကတော့ အနုပညာ‌အလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လှုပ်ရှားနေပြီး ချစ်ခင်ပွန်းကို ဘေးနားကနေဂရုစိုက်ပေးကာ အလုပ်နဲ့ပက်သက်ရင်လည်းအကြံဉာဏ်ပေးတတ်တဲ့ ဇနီးကောင်းဖြစ်ပါတယ်။ရွှေထူးက ချစ်ဇနီးလေးကို အရမ်းကြင်နာယုယပြီး အဖေလိုတစ်မျိုး အစ်ကိုလိုတစ်သွယ်နဲ့ စောင့်ရှောက်ပေးတဲ့ခင်ပွန်းပါနော်။

Photo Credit:Shwe Hmone Yati's facebook
Photo Credit:Shwe Hmone Yati's facebook

ရွှေထူးနဲ့ရွှေမှုံက မကြာသေးခင်ရက်ပိုင်းကမှ အင်းလေးကို ခရီးထွက်ကြပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ဇနီးမောင်နှံနှစ်ယောက်သာယာခဲ့ကြပါတယ်နော်။ရွှေမှုံလေးက ချစ်ခင်ပွန်းရဲ့ ရင်ခွင်ထဲမှာနေရရင် အမြဲပျော်ရွှင်ပြီး ကလေးလေးတစ်ယောက်လို ဆိုးနွဲ့နေတာဖြစ်ပါတယ်။အခုဆိုရင်လည်း ချစ်ခင်ပွန်းရဲ့ရင်ခွင်ကျယ်ကြီးထဲမှာ ခေါင်းလေးမှီပြီး ချွဲနေတဲ့ပုံရိပ်လေးကို ချစ်ပရိသတ်ကြီးအတွက် မျှဝေလာပါတယ်နော်။

Photo Credit:Shwe Hmone Yati's facebook
Photo Credit:Shwe Hmone Yati's IG

Photo Credit:Shwe Hmone Yati's IG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။