ပရိသတ်တွေရဲ့ အားကျချစ်ခင်မှုတွေကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်ဆယ်လီစုံတွဲတွေထဲမှာ Hip Hop အဆိုတော် သရုပ်ဆောင်မင်းသားချောလေးလွှမ်းပိုင်နဲ့ ချစ်စရာကောင်းတဲ့ အဆိုတော်မလေး Bobby Soxer တို့ စုံတွဲလေးကတော့ နှစ်အတော်ကြာ လက်တွဲခဲ့ကြတဲ့ ချစ်သူစုံတွဲလေးပါပဲ..။

ချစ်သူသက်တမ်း (၁၀)နှစ်ကျော် ရှိပြီးဖြစ်တဲ့ သူတို့ချစ်သူနှစ်ဦးကတော့ အနုပညာရှင်ဆယ်လီစုံတွဲတွေထဲမှာ ပရိသတ်တွေရဲ့ အားကျချစ်ခင်မှုတွေကို အများဆုံးရရှိထားပြီး ဂီတလောကမှာလည်း မှာလည်း ပရိသတ်ကိုယ်စီ ရရှိထားကြသူတွေလည်း ဖြစ်ပါတယ်နော်..။

Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

ရိုမန်တစ်ဆန်တဲ့ အချစ်ပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို အမြဲအားကျစေတဲ့ သူတို့စုံတွဲလေးဟာ အခုတစ်ခါမှာလည်း ချစ်သူစုံတွဲတွေတိုင်း အားကျကြည်နူးလောက်တဲ့ အချစ်ရေးလေးကိုလည်း နှစ်ယောက်အတူ ပိုင်ဆိုင်ဖြတ်သန်းနေကြသူတွေပါနော်..။

အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေတဲ့ လွှမ်းပိုင်နဲ့ Bobby Soxer တို့ စုံတွဲလေးကတော့ အနုပညာအလုပ်တွေနဲ့ သီချင်းတွေကို အတူလက်တွဲလုပ်ဆောင်နေသလို အခုတစ်ခါမှာလည်း Box No.88 Red Carpet Show လေးကို အတူတက်ရောက်ခဲ့ပြန်ပါတယ်နော်..။

Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

လိုက်ဖက်ညီလွန်းတဲ့ သူတို့စုံတွဲလေးကတော့ Box No.88 Red Carpet Show လေးကို စုံတွဲလေး တက်ရောက်ခဲ့ပြီး နှစ်ယောက်အတူသီချင်းတွေလည်း အတူ ဖျော်ဖြေခဲ့ကြပါတယ်နော်..။

သီချင်းတွေအတူ သီဆိုဖျော်ဖြေရင်း ကြည်နူးစွာ ပျော်နေကြတဲ့ လွှမ်းပိုင်နဲ့ Bobby Soxer တို့စုံတွဲလေးရဲ့ ကြည်နူးစရာ ပွဲတက်ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေ သဘောကျ အချစ်ပိုနေကြမှာပါနော်..။

Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

Photo By Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။